[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 375 9
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၃၀)။

အေးစက်သောလေပြင်းကချောက်ကမ်းပါးပေါ်မှာတိတ်ဆိတ်နေပြီး ကျောက်ဆောင်ကိုရိုက်ခတ်နေသည့်ပင်လယ်ရေလှိုင်းသံများကိုလည်းချောက်ကမ်းပါးအောက်ခြေမှကြားရသည်။

ကစားသမားများမှာချောက်ကမ်းပါးအစွန်ဆီအပြေးအလွှားသွား​ကြည့်မိကာ အကြာကြီးအသိပြန်မဝင်လာပေ။

အချိန်အတော်ကြာသွားပြီးမှဟွမ်ကျားဝမ်ကတုန်ရီသောအသံဖြင့်မေးလာသည်။
"မိစ္ဆာနတ်ဘုရား....သေသွားပြီလား။ သခင်လေး၊ သူ..."

"မဟုတ်ဘူး။" ယန်ဖုန်းကအသေအချာပြောလာသည်။

မိစ္ဆာနတ်ဘုရားသေသွားရင် ဂိမ်းကမ္ဘာပြီးဆုံးသွားပြီးတော့လယ်ဗယ်ကိုအောင်အောင်​မြင်မြင်ရှင်းလိုက်နိုင်ပြီဟုဆိုလိုတာပဲ။ ဒါပေမဲ့ဒီအချိန်မှာသူတို့ဂိမ်းထဲမှာရှိနေသေးတယ်ဆိုတော့မိစ္ဆာနတ်ဘုရားကအလွယ်လေးမသေဘူးဆိုတာပြနေတာပဲ။

ဒါပေမဲ့သခင်လေးကကော?

ဒါကိုတွေးမိတော့ သူအပါအဝင် အခြားလူများမှာဆိုးဝါးသွားပုံပင်။

ချောက်နက်မှာတကယ်တော့သိပ်မမြင့်ပေ။ သဘာဝအလျောက်ပြုတ်ကျသွားရင်သေမှာမဟုတ်ဘူး။ ဒါပေမဲဲ့အခုဆိုပင်လယ်ရေကအေးစက်နေတဲ့အပြင် ပင်လယ်ထဲမှာပင်လယ်မကောင်းဆိုးဝါးတွေရှိနေတာ။ ပြုတ်ကျသွားတဲ့အချိန်မှာရေနစ်ရင်နစ်၊ မဟုတ်ရင်ပင်လယ်မကောင်းဆိုးဝါးကရှာတွေ့သွားမှာပဲ..."

"ကိစ္စတွေကအဲ့လောက်မဆိုးနိူင်ဘူး။ ခုနကခပ်လှမ်းလှမ်းကဆို မိစ္ဆာနတ်ဘုရားကသခင်လေးကိုသူ့ခံစားချက်တွေကိုဝန်ခံအောင်တွန်းအားပေးခဲ့တဲ့ပုံပဲ။ ငါတို့အထင်လွဲသွားတာဖြစ်မယ်။ မိစ္ဆာနတ်ဘုရားကသခင်လေးကိုတကယ်သဘောကျလောက်တာမို့ သူ့ကိုကယ်လိမ့်မယ်...."

ဝမ်ရန်မှာပြောရန်တုံ့ဆိုင်းသွားပေမဲ့တစ်ဝက်ရောက်တော့တော်တော်လေးမယုံကြည်တော့ပေ။

ဘာမှမဆိုနှင့်၊ ထိုအချိန်မှာမိစ္ဆာနတ်ဘုရားကလည်းသွေးလွှမ်းနေခဲ့သည်။ သူကဒဏ်ရာပြင်းစွာရသွားပုံပင်။ သူသူ့ကိုတကယ်ကယ်ချင်ရင်တောင် သူ့ကိုဂရုစိုက်ဖို့လုံလောက်အောင်အချိန်မရှိလောက်ဘူး။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Dove le storie prendono vita. Scoprilo ora