[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။

1.2K 288 8
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၅)။

ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာဟော့ရှီစစ်နောက်နေသည်ဟုထင်လိုက်ပေမဲ့သူတို့မော့ကြည့်မိတော့တစ်ဖက်လူကလေးနက်နေပုံရတာကိုမြင်လိုက်ရချိန်နောက်နေတာမဟုတ်မှန်းသိလိုက်ရသည်။

"မာရှယ်ပြောတာက...သီအန်းဇာ့ဂျ်ဘုရင်မနဲ့ခဏလောက်မတွေ့နိုင်အောင်နည်းလမ်းတစ်ခုရှာခိုင်းတာလား။"
ဟဲ့ရှောင်းမနေနိုင်ဘဲထပ်မေးလိုက်မိပြီး နောက်နေတာမဟုတ်ရင်သူနားကြားမှားတာဖြစ်ရမည်ဟုတွေးလိုက်မိသည်။

မထင်မှတ်ဘဲဟော့ရှီစစ်ကခေါင်းငြိမ့်ပြရုံတင်သာမကချောင်းအသာဟမ့်ကာထပ်ပေါင်းဆိုလာသည်။
"အနာဂတ်မှာသူ့ကိုထပ်မမြင်ရရင်အကောင်းဆုံးပဲ။"

အနည်းဆုံးတော့သူဇာ့ဂျ်ဘုရင်ကိုရပြီးတဲ့အထိပေါ့။

ဟဲ့ရှောင်းမနေနိုင်ဘဲပင့်သက်ရှိုက်လိုက်မိပြီးခေါင်းလှည့်ကာဝမ်းဟောင်ယွိကိုကြည့်မိတော့သူ့မျက်လုံးများမှာဇဝေဇဝါဖြစ်မှုအပြည့်ပင်။

"မာရှယ့်မှာ....အထူးအစီအစဥ်တစ်ခုခုရှိလို့လား။"
သူမနေနိုင်ဘဲမေးလိုက်မိသည်။

နောက်နေတာမဟုတ်တဲ့အပြင်သူနားကြားမှားတာပါမဟုတ်ဘူးဆိုတော့ မာရှယ့်လှုပ်ရှားမှုမှာနက်ရှိုင်းတဲ့အဓိပ္ပါယ်ရှိရမယ်။ ဇာ့ဂျ်နဲ့တိုက်ပွဲဂိမ်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လောက်မယ်။ သူနှင့်ဝမ်းဟောင်ယွိကစည်းမျဥ်းကိုနားလည်ဖို့တအားနုသေးတယ်။

သို့သော်လည်းဒီတစ်ခေါက်မှာတော့ဟော့ရှီစစ်ကခေါင်းခါလိုက်ပြီးမှခေါင်းငြိမ့်ပြန်ကာအလေးအနက်ဆိုလာသည်။
"အဓိကအကြောင်းရင်းက....မင်းတို့မရီးကိုလိုက်ဖို့ပဲ။"

ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိ: "???"

နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ဇဝေဇဝါဖြစ်စွာကြည့်လိုက်မိသည်။

မ မရီး? မရီးကဘယ်သူတုန်း?

ဟဲ့ရှောင်းကအရင်ဆုံးအသိပြန်ဝင်လာကာအလိုလို​​ပြောလိုက်မိသည်။
"အာ၊ ဗိုလ်ကြီးဝမ်းမှာနည်းလမ်းရှိတယ်။ ဗိုလ်ကြီးဝမ်းကိုလုပ်ခိုင်းလိုက်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now