[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.3K 343 8
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၇)။

ရွှီယန့်တစ်ယောက်အိပ်ခန်းထဲကမြန်မြန်ထွက်လာပြီးတံခါးကိုဆောင့်ပိတ်လိုက်ပြီးမှတံခါးကိုမှီကာမျက်စိတင်းတင်းမှိတ်လိုက်မိသည်။

ပြတင်းပေါက်အပြင်ရှိအလင်းရောင်ကနှင်းဆီနွယ်များ၏အကိုင်းအခက်နှင့်သစ်ရွက်များကိုဖြတ်၍ သူ၏ပြီးပြည့်စုံသောမျက်နှာတစ်ခြမ်းပေါ်ဖြာကျလို့နေသည်။ သူခေါင်းအသာမော့လိုက်ပြီး သူ့မျက်ခုံးများကြားမှာခါးသက်မှုတစ်စွန်းတစရှိလို့နေသည်။

ခုနတုန်းကသခင်လေးကအဲ့လိုမျိုးပြာယာခတ်သောမျက်နှာထားဖြင့်သူ့ကိုယ်သူသူ့ဆီသေချာဂရုတစိုက်ပေးအပ်ကာ လက်ဦးမှုရယူပြီးသူ့ကိုနမ်းလာခဲ့ပေမဲ့ သူ့ရင်ထဲမှာမပျော်ပေ။

၎င်းမှာအသက်ရှင်လိုသောစိတ်ကြောင့်သာ။ တစ်ခါကမောက်မာခဲ့သောသခင်လေးမှာသူ့ဆီကတွန်းအားပေးခံရပြီး.....အပေးအယူလုပ်ဖို့သင်ယူကာသူ့ကိုကျေနပ်အောင်လုပ်ဖို့ကြိုးစားခဲ့သည်။ သူခါးသက်မှုကိုသာခံစားရသည်။

ဒါကအချစ်စစ်မဟုတ်ပေ၊ သားကောင်ပင်သူ့ကိုပြန်ပေးဆွဲသူကိုဒီလောက်မြန်မြန်ကြီးမချစ်သွားပေ။ သူတစ်ဖက်လူ၏မျက်လုံးထဲမှာအကြောက်တရားကိုသာမြင်လိုက်ရပြီး အဆုံးမှာတော့သူတောင့်မခံနိုင်ခဲ့ပေ။

သို့သော်သူလက်လွှတ်ပေးဖို့ဆိုတာမဖြစ်နိုင်။ သခင်လေးကစုန့်လင်ကိုရွေးချယ်ပြီးသွားပြီ။ သူလွှတ်ပေးလိုက်တာနဲ့ တစ်ဖက်လူကစုန့်လင်ရင်ခွင်ထဲကိုသေချာပေါက်ပျံဝင်သွားမှာပဲ။

ထိုကဲ့သို့မြင်ကွင်းကိုတွေးကြည့်ရုံဖြင့် ရွှီယန့်၏မျက်လုံးများကျိန်းစပ်လာသည်။

သူကသခင်လေးနဲ့စုန့်လင်ပျော်ရွှင်ပြီးချိုမြိန်နေတာကိုကြည့်ဖို့အတွက်နဲ့ သူဒီလောက်အကြိမ်အများကြီးပြန်လာခဲ့တာမို့လို့လား။ ပြီးတော့စုန့်လင်ကအရင်ဘဝမှာလူလွှတ်ပြီးသခင်လေးကိုသတ်ပစ်ခဲ့တယ်။ သူနဲ့အတူရှိစေတာကသခင်လေးကိုပိုပြီးအန္တရာယ်များသွားစေမှာ။

ဒီတော့သခင်လေးသူ့ကိုကြောက်ပြီးသူနဲ့အတူမရှိချင်ရင်တောင် သူကတော့လွှတ်မပေးနိုင်ဘူး။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now