[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။

1K 271 3
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၉)။

အိပ်ဆောင်ထဲတွင်လင်ခုံးလုရေချိုးပြီးနောက် မီးခိုးဖျော့ရောင်ရေချိုးဝတ်ရုံဝတ်လျက်အိပ်ရာဆီလျှောက်သွားလိုက်သည်။

ဟော့ရှီစစ်ကမ​နှေးမမြန်ခြေလှမ်းများဖြင့်ဟောခန်းမထဲလျှောက်ဝင်လာသည်။ သူမော့ကြည့်လိုက်သည်နှင့် သူကြီးမားသောအိပ်ရာပေါ်မှာထိုင်လျက် သူ၏လက်ချောင်းဖြူဖြူများမှာငွေရောင်ချိန်းကြိုးပတ်ထားပြီး ရင်းနှီးသောဆက်သွယ်ရေးစက်နှင့်ကစားနေတာကိုမြင်လိုက်ရသည်။

သူ့မျက်လုံးများနက်မှောင်သွားကာသူခပ်မြန်မြန်အကြည့်လွှဲလိုက်မိသည်။

လင်ခုံးလုကသူရောက်လာတာမြင်တော့ချက်ချင်းသူ့ကိုလက်ချောင်းများကွေးပြကာဆိုသည်။ "ဒီကိုလာခဲ့။"

ဟော့ရှီစစ်ပင့်သက်ရှိုက်လိုက်မိသည်။ သူထိုနေရာကိုမသွားချင်ပေမဲ့သူသွားရမည်။

သူခပ်တည်တည်လျှောက်သွားပြီးအလေးအနက်ဖြစ်နေပုံမှာ စစ်မြေပြင်ရောက်နေသည့်အလား၊ ကုတင်ပေါ်ကလူမှာရက်စက်ကြမ်းကြုတ်သောသားရဲကောင်အလား။

ဒါပေမဲ့တကယ်တော့ဇာ့ဂျ်ဘုရင်မမှာကြောက်စရာမကောင်းရုံတင်သာမက အရမ်း....လှပနေသည်။ အထူးသဖြင့်သူတောင်ပံသိမ်းလိုက်ပြီးနောက်မှာ သူဟာအားနည်းသောလူသားကောင်လေးတစ်ယောက်နှင့်တူသွားသည်။

သူဟာရေချိုးထားခါစမို့ သူ၏အနက်ရောင်ဆံနွယ်မှာအနည်းငယ်စိုစွတ်ကာနူးညံ့ပျော့ပြောင်းနေပြီး သူ၏ဖြူဖွေးချောမွတ်သောနှဖူးကိုအုပ်ကျနေပြီး တစ်စနှစ်စကျနေသည့်ဆံချည်မျှင်တချို့သူ့မျက်တောင်မွှေးပေါ်ကျနေပုံကသူ့ကိုအလွန်ထိခိုက်မှုမရှိပုံပေါက်သွားစေသည်။

အဆိုးဆုံးအရာကတစ်ဖက်လူ၏ရေချိုးဝတ်ရုံမှာသူ့ခြေသလုံးကိုတောင်ဖုံးကွယ်နိုင်ခြင်းမရှိပေရာအလွန်ဣန္ဒြေမဲ့သွားစေသည်။

ဟော့ရှီစစ်မျက်မှောင်ကြုတ်လိုက်ပုံမှာထောင်ချောက်ထဲရောက်နေသည့်ဘုန်းကြီးတစ်ပါးအလား။ သူအိပ်ရာနှင့်ခြေတစ်လှမ်းအကွာမှာရပ်ကာတိတ်တိတ်လေးပြောလိုက်သည်။
"ဇာ့ဂျ်အရှင်မှာဘာအမိန့်ရှိလို့ပါလဲ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now