[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.3K 336 12
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၀)။

ယန်ဖုန်းမှာကောယွိ၏စကားများကြောင့်အံ့သြသွားပုံမပေါ်ပေမဲ့ တစ်အောင့်ကြာတိတ်ကျသွားပြီးမှ သူပြောလိုက်သည်။
"ရှီးချွမ်းနဲ့ငါ့မှာဒီ့အတွက်ထင်မြင်ချက်ရှိတယ်ဆိုပေမဲ့ငါတို့ထင်....."

"ကျွန်တော်မြင်လိုက်တယ်။"
ကောယွိကသူ့ကိုဖြတ်ပြောကာဆိုလာသည်။
"ကျွန်တော်ခုနကအဲ့​နေရာကိုကောထက်အရင်ရောက်သွားတုန်း ဟယ်ခွင်းနဲ့အခြားသူတွေရဲ့ခြေဖဝါးအောက်မြေကြီးထဲကနေသစ်ကိုင်းတစ်ကိုင်းထွက်လာတာကိုကျွန်တော်သေချာကြီး​မြင်လိုက်တာ။ ကျွန်တော်ရောက်လာတာကိုသတိထားမိသွားပြီးတော့ အဲ့သစ်ကိုင်းတွေကမြေအောက်ကိုမြန်မြန်ပြန်ဝင်သွားကြတာ။"

"ဒီတော့ဖုန်းကော၊ ကောခုနကအရင်မပစ်လိုက်သင့်ဘူး။ ကျွန်းသူကျွန်းသားတွေကမိစ္ဆာနတ်ဘုရားအစစ်ကိုဖော်ထုတ်မိဖို့နည်းနည်းလေးပဲလိုတော့တာ။ ပြီးတော့ကျွန်တော်တို့မလှုပ်ရှားရင်တောင် အဲ့နှစ်ယောက်သေမှာမဟုတ်ဘူး။ ကျွန်းသူကျွန်းသားတွေပဲသေသွားမှာ၊ အဲ့နှစ်ယောက်ကကျွန်တော်တို့ကယ်တာကိုလုံးဝကိုမလိုတာ။"

ယန်ဖုန်း၏မျက်နှာတဖြည်းဖြည်းမည်းလာကာသူ့လေသံမှာအနည်းငယ်အေးစက်လာပြီးပြောလိုက်သည်။
"ဒါပေမဲ့အဲ့တုန်းကဝမ်ရန်နဲ့ဟွမ်ကျားဝမ်ကအန္တရာယ်အရှိဆုံးဆိုတာကိုမင်းနားလည်ရမယ်လေ။ ငါတို့ကသူတို့ကိုကယ်လိုက်တာမဟုတ်ဘဲ ငါတို့ရဲ့အသင်းဖော်ကိုကယ်လိုက်တာပဲ။"

"ဝမ်ရန်၊ ကျိချင်းချင်းနဲ့ယွမ်ရှီးချွမ်းကတစ်ဖွဲ့ထဲဆိုတာမြင်ပါတယ်။ သူတို့ကကျွန်တော်တို့အသင်းဖော်ပဲ။ သူတို့ကကျွန်တော်တို့နဲ့အတူပူပေါင်းလာတာဂိမ်းကမ္ဘာနှစ်ခုသုံးခုရှိပြီ။ ဟွမ်ကျားဝမ်ကတော့...."

သူတို့ကယာယီဆုံတွေ့တဲ့လူသစ်တွေပဲလေ။ သူတို့ကဘယ်လိုလုပ်ပြီးအသင်းဖော်ဖြစ်မှာလဲ။

သူနှင့်ယန်ဖုန်းကသေခြင်းနှင့်ရှင်ခြင်းကိုအတူဖြတ်ကျော်ခဲ့ပြီး ထောင်ဒါဇင်ကျော်ကိုဖြတ်ကျော်ခဲ့သည်။ ဒီကမှအသင်းဖော်အစစ်အမှန်ပဲ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now