[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 341 8
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၂)။

ထိုနှစ်​ယောက်ကြားကစကားဝိုင်းကိုခိုးနားထောင်ပြီးနောက် လင်ခုံးလုတိတ်တခိုးအံ့သြသွားရသည်။ ယန်ဖုန်းရဲ့ချစ်ရသူဘော့စ်ကကိုယ်ပိုင်အသိစိတ်ရလာတာလား။

ဒါပေမဲ့ဂိမ်းထဲကဇာတ်ကောင်တွေအကုန်လုံးကဒေတာတွေမဟုတ်ဘူးလား။ သူ့ပင်မကမ္ဘာမှာဆို ကြယ်စုခေတ်ကအစွမ်းအထက်ဆုံးသိပ္ပံပညာရှင်တွေတီထွင်ထားတဲ့ရှေ့အပြေးဆုံးAIကစိတ်ခံစားချက်ပိုင်းမှာလူသားတွေနဲ့မတူညီနိုင်ဘူး။ သူတို့ကအခြားအပိုင်းမှာအရမ်းဉာဏ်ကောင်းပေမဲ့စိတ်ခံစားချက်ပိုင်းမှာတော့သူတို့အများစုက0687နှင့်ဆင်တူပြီး တုံးတယ်။

0687: "?" မင်းယဥ်ကျေးနေတာလား။

ဒီတော့အလယ်ပိုင်းမှာဘော့စ်ကကိုယ်ပိုင်အသိစိတ်ရသွားခဲ့တာလား၊ ဒါမှမဟုတ်သူက.....တကယ့်လူအစစ်လား။ သူနဲ့ရွှီယန့်လိုမျိုး ကစားသမားတွေကသူတို့ကိုဒေတာတွေလို့အထင်မှားနေတာလား။

ကြယ်စုခေတ်ကိုမရောက်သေးတဲ့ဒီကမ္ဘာငယ်လေးရဲ့နည်းပညာလယ်ဗယ်ကသူနေတဲ့ကြယ်စုခေတ်ထက်ပိုမြင့်နေတာတော့မဟုတ်နိုင်ဘူး။

လင်ခုံးလုရုတ်တရက်ဒီအဆုံးမဲ့ကမ္ဘာ၏လည်ပတ်မှုကိုအလွန်စိတ်ဝင်စားလာသည်၊ ထိုဆေးရည်နှင့်ကစားသမားများကိုချက်ချင်းပြန်ရှင်စေနိုင်တဲ့အခွင့်အရေးကိုရောပေါ့။ သိတဲ့အတိုင်း၊ ကြယ်စုခေတ်နဲ့မသေမျိုးကမ္ဘာမှာတောင် ဒီလောက်မြန်မြန်ကြီးအလုပ်လုပ်တဲ့ဆေးမရှိဘူး။

သူ့အိတ်ကပ်ထဲကိုနှိုက်ကြည့်လိုက်တော့ မလွှတ်ပစ်ရသေးသည့်ဆေးပုလင်းအခွံကိုတွေ့လိုက်သည်။ သူစနစ်ကိုပြောလိုက်သည်။
"ဒီမှာဆေးရည်ကျန်သေးတယ်၊ ငါ့ကိုကူစမ်းသပ်ပေးအုံး။"

0687: "ဒီထဲမှာဘာရှာစရာရှိလို့လဲ။ ဒေတာပဲဖြစ်မှာပေါ့။"

လင်ခုံးလု: "???"

"ဂိမ်းကပုံရိပ်ယောင်ကမ္ဘာဆိုတော့ ကစားသမားတွေလဲလို့ရတဲ့အိုင်တမ်တွေအကုန်လုံးကဒေတာနဲ့လုပ်ထားတာချည်းပဲ။ ဒါကိုစမ်းသပ်ဖို့လိုသေးလို့လား။"
0687ကအချက်ကျကျဆိုသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Όπου ζουν οι ιστορίες. Ανακάλυψε τώρα