[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။

1K 283 5
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၃)။

ဟော့ရှီစစ်ပြောလိုက်ပြီးနောက် နန်းတော်ထဲမှာတိတ်ကျသွားလေသည်။

ဘုရင်မ၏စိတ်စွမ်းအားနှင့်ဖိနှိပ်ခံထားရသည့်ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာတိတ်တခိုးစိုးရိမ်ကြောက်လန့်သွားပေမဲ့ သိပ်မကြာခင်မှာသူတို့တစ်ဖက်လူ၏ရည်ရွယ်ချက်ကိုနားလည်သွားသည်။

သူတို့သုံးယောက်လူကွဲသွားတာထက်အတူနေတာပိုကောင်းသည်။ ပြီးတော့ဇာဂျ့်တစ်ကောင်ကိုအနိုင်ယူနိုင်ချေကဇာ့ဂျ်တစ်အုပ်ကိုဆန့်ကျင်တာထက်ပိုကောင်းတယ်....မလား?

ဟဲ့ရှောင်းအမှန်တော့မသေချာပေ။ ဟော့ရှီစစ်ဒဏ်ရာမရထားရင် သူတို့တစ်ချက်ကြိုးစားကြည့်လို့ရသေးသည်။

သို့သော်ယခုမူဟော့ရှီစစ်ကဒဏ်ရာပြင်းစွာရထားသည့်အပြင် သူနှင့်ဝမ်ဟန်ယွီပါဒဏ်ရာရထားသည်။ ခုနကသူတို့ဘုရင်မ၏ကြီးမားသောပိုးကောင်အသွင်ကိုမြင်လိုက်ရတုန်းက သူတို့၏ကွန်ဖီးဒန့်ရှိမှုအများစုမှာရုတ်ခြည်းပျောက်ကွယ်သွားပြီပင်။

ဘုရင်မကသူတို့ကိုစစ်ဆေးသောအကြည့်ဖြင့်ဝေ့ဝဲကြည့်နေမှန်းသတိထားမိသွားတော့ သူပို၍ပင်ဂနာမငြိမ်ဖြစ်သွားသည်။ သူဟော့ရှီစစ်အတွက်စိတ်ပူသွားကာတိတ်တခိုးသတိချပ်ထားမိသည်။

လင်ခုံးလုမှာဟော့ရှီစစ်ဒီလိုပြောလာလိမ့်မည်ဟုမထင်ထားမိပေ။

သူအကြောင်းရင်းကိုခန့်မှန်းကြည့်လို့ရသည်။ တစ်ဖက်လူကသူ့နာမည်ကိုအသုံးချပြီးဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိကိုအရင်ကာကွယ်ပေးချင်တာပဲ၊ ဒါပေမဲ့....

သူတစ်ဖက်လူကိုဖြည်းဖြည်းချင်းကြည့်ကာမေးလိုက်သည်။
"မင်းကျန်နေခဲ့ရင်ဘာဖြစ်မလဲသိလား။"

ဟော့ရှီစစ်၏မျက်နှာမှာအေးစက်နေပေမဲ့သူ့​လေသံမှာတော့တည်ငြိမ်လို့နေသည်။ "သိပါတယ်။"

လင်ခုံးလု: "....." သိတယ်? ဘာသိတာလဲ။

သူရုတ်ခြည်းဆောင့်ကြောင့်ထိုင်ကာတစ်ဖက်လူ၏မေးစေ့ကိုကိုင်ပြီးဖြည်းဖြည်းချင်းအနားတိုးကပ်သွားလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now