[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 336 11
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၁)။

ယန်ဖုန်းတစ်​ယောက်လင်ခုံးလုကိုကစားသမားတွေမှာပဲရှိတဲ့အထူးဆေးရည်ပေးတာကကူညီရုံသက်သက်ပဲလား၊ အခြားရည်ရွယ်ချက်နဲ့လားဆိုတာရွှီယန့်မသိပေမဲ့ ယန်ဖုန်းကမရိုးရှင်းတာကိုတော့သူသိသည်။

အရင်ဘဝပထမဆုံးအကြိမ်ငါးဆယ်ပြန်ဝင်စားပြီးနောက်ပိုင်း အကြိမ်ထောင်ပေါင်းများစွာပြန်ဝင်စားခြင်းကသူ့ကိုတစ်ခုနားလည်သွားစေခဲ့တာကြာပြီဖြစ်သည်၊ ဒီကမ္ဘာကအစစ်မဟုတ်ကြောင်း။ ဒီကမ္ဘာမှာပေါ်လာသည့်သန်မာသောလက်နက်နှင့်ဆေးဝါးများလက်ဝယ်ပိုင်ဆိုင်သည့်ထိုကစားသမားဆိုသူများ၏တစ်ခုတည်းသောရည်ရွယ်ချက်မှာသူ့ကိုသတ်ရန်ဖြစ်သည်။

သူဒါကိုသိခဲ့တာကြာပြီဖြစ်သည်။ သူဒီကစားသမားတွေကိုအသက်ရှင်လျက်ထားပြီးကိစ္စတိုင်းကိုတည်တည်ငြိမ်ငြိမ်ရပ်ကြည့်နေရတဲ့အကြောင်းရင်းက သူဒီအခြေအနေကိုအခွင့်ကောင်းယူပြီး တကယ့်လက်သည်တရားခံအစစ်ကိုဖော်ထုတ်ချင်တာမို့လို့ပင်- စုန့်လင်နောက်ကွယ်မှာပုန်းနေပြီးအရာအားလုံးကိုတကယ်စီစဥ်နေတဲ့လူ။

ကစားသမားတွေကသူ့ကိုပင်မနတ်ဘုရားလို့ခေါ်သလိုပဲ? ဟက်၊ နတ်ဘုရားတဲ့လား။

ဒါပေါ့၊ အရေးကြီးတဲ့အကြောင်းရင်းနောက်တစ်ခုရှိသေးတယ်၊ အဲ့ဒါကတော့သခင်လေးကဒီကစားသမားအုပ်စုကိုအရမ်းစိတ်ဝင်စားနေသလိုပဲ။

အရင်ဘဝကသူအကြိမ်ပေါင်းများစွာပြန်ရောက်လာခဲ့ပြီး ဒီအတုအယောင်ကမ္ဘာကိုဖျက်ဆီးပစ်ခဲ့တော့ ဒီအဖိုးတန်ကြုံတွေ့မှုကိုရလာခဲ့သည်။ သခင်လေးကဒီကစားသမားအုပ်စုကိုစိတ်ဝင်စားနေမှတော့ သူ့ကိုသူတို့နှင့်အချိန်ပိုဖြုန်းခိုင်းလိုက်တာကိစ္စမရှိဘူး။

ဒီကမ္ဘာကအများဆုံးတစ်လသာတည်ရှိမှန်းသူသိသည်။ တစ်လပြီးရင် အရာအားလုံးကိုrefreshလုပ်လိုက်လိမ့်မယ်။ ကျွန်းသူကျွန်းသားတွေကအဲ့ကျွန်းသူကျွန်းသားတွေပဲဖြစ်နေအုံးမှာ၊ ကစားသမားအသစ်တွေထပ်လာအုံးမှာဆိုပေမဲ့သခင်လေးကတော့သခင်လေးဟုတ်တော့မှာမဟုတ်ဘူး။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Unde poveștirile trăiesc. Descoperă acum