[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။

1.2K 293 12
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၁)။

ဇာ့ဂျ်စစ်လေ့ကျင့်ရေးမှာအင်ပါယာနှင့်အနည်းငယ်ဆင်တူပြီး မက်ခါယှဥ်ပြိုင်မှုမှာအနီးကပ်တိုက်ပွဲနှင့်စတင်ကာ ပွဲစဥ်တစ်ခုစီတိုင်းမှာတစ်ဝက်ဖယ်ထုတ်ခံရမည်ဖြစ်ပြီး အဆုံးသတ်မှာအနိုင်ရသူ၃ဦးရွေးချယ်ခံရမည်။

ဇာ့ဂျ်တိုက်ပွဲမှာလည်းအလွန်သန်မာသည်။ ထိပ်ဆုံးအနိုင်ရသူ၃ဦးမှာနှစ်ယောက်ချင်းယှဥ်ပြိုင်ရန်လက်ရှိအရာရှိများထဲကဘယ်သူ့ကိုမဆိုရွေးချယ်နိုင်သည်။ သူတို့ကလုံလောက်အောင်ရဲရင့်ပြီးသေရမှာမကြောက်ဘူးဆိုရင် သူတို့ကဇာ့ဂျ်ဘုရင်ကိုပင်စိန်ခေါ်နိုင်သည်။

နှစ်ယောက်ချင်းတိုက်ပွဲယှဥ်နိုင်သရွေ့ ရက်ရောသောဆုလာဘ်များရရှိပြီး ဇာ့ဂျ်တပ်၏ဗိုလ်ချုပ်ပင်ဖြစ်လာနိုင်သည်။

ဒီစစ်ရေးလေ့ကျင့်မှု၏ပထမအနိုင်ရသူကနှစ်ယောက်တိုက်ပွဲအတွက်သူ့ကိုရွေးအောင်လင်ခုံးလုစီစဥ်ထားပြီးပြီပင်။

နှစ်ယောက်ပြိုင်ပွဲအတွင်းမှာသူသဲလွန်စတချို့ဖော်ပြပြီးဟော့ရှီစစ်ကိုသူ့သရုပ်မှန်ကိုခန့်မှန်းမိသွားအောင်လုပ်မည်။

သို့သော်ဆန့်ကျင်ဘက်အနေနှင့် စစ်ရေးလေ့ကျင့်မှု၏ပထမအနိုင်ရသူမှာသူ့ဘက်ဇာ့ဂျ်တပ်ကမဟုတ်ဘဲ ပုရွက်ဆိတ်ဘုရင်မနောက်လိုက်နေသည့်လူငယ်လေးဖြစ်သွားမည်ဟုမထင်ထားမိပေ။ သူ့နာမည်ကချက်စတာလားလို့?

လင်ခုံးလု: ....ရပါတယ်လေ၊ ပြဿနာကြီးကြီးမားမားမဟုတ်ဘူး။

ဒုတိယနေရာလည်းရှိသေးတယ်။ ဒုတိယနေရာကတော့သူ့ကိုသေချာပေါက်စိန်ခေါ်မှာပဲ။

ဒါကိုတွေးမိတော့သူပလ္လင်ကိုစိတ်အေးလက်အေးကျောပြန်မှီကာတိုက်ပွဲဆက်ကြည့်လိုက်သည်။

နှစ်ယောက်တိုက်ပွဲမှာချက်စတာကတိုက်ပွဲကွင်းပြင်အလယ်မှာရပ်နေပြီး သူ့ဆံနွယ်မှာငွေရောင်တောက်ပလို့နေသည်။ သူအခုပဲသူ့ပြိုင်ဘက်ကိုရှင်းပစ်ခဲ့သဖြင့် သူဟာမသိမသာမောဟိုက်နေပြီး သူ၏မျက်နှာလှလှလေးမှာချွေးပြန်လို့နေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now