[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 329 6
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၄)။

ရွှီယန့်ခေါင်းစောင်းကာစုန့်လင်ကိုအေးစက်စက်စိုက်ကြည့်လိုက်သည်။

သူဟာမျက်နှာသေဖြင့်ဆိုသော်ငြား သူ၏မျက်ဝန်းများမှာတော့ရေခဲနှင့်နှင်းခဲများရောစွက်နေသည့်အလား မမြင်နိုင်သောအအေးဓာတ်ရှိလို့နေသည်။

တစ်အောင့်ကြာအောင်စုန့်လင်မှာသူသေတော့မည်ဟုထင်လိုက်မိသည်၊ သူထိုအတွက်ပြင်ဆင်ပြီးသားဆိုပေမဲ့ပေါ့။ ရွှီယန့်"မမှတ်မိ"တဲ့အကြိမ်ငါးဆယ်မှာတောင် သူပင်မနတ်ဘုရားပါကြောက်ရတဲ့ဒီလူနှင့်အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပြီးပြီ။

သို့သော်"လင်ခုံးလု"သေဆုံးသွားစဥ်တုန်းကလွဲရင် သူတစ်ဖက်လူဆီကဒီလိုအရှိန်အဝါမျိုးတစ်ခါမှမခံစားခဲ့ရဖူးပေ။

သူတို့တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေသည့်အချိန်မှာအလွန်ကြာသွားပုံပင်။ တစ်ချိန်လုံးပြုံးထားရသည့်စုန့်လင်မျက်နှာမှာတောင့်တင်းကာနာကျင်လာပြီး သူ့ကျောပြင်မှာချွေးစေးပြန်လာသည်။

အင်း၊ တကယ်တော့ရွှီယန့်ကသူ့ကိုစက္ကန့်အနည်းငယ်သာခေါင်းလှည့်ကြည့်ပြီးနောက်တော့ဖြည်းဖြည်းချင်းပြန်လှည့်သွားပြီ။ ကစားသမားများကသူတို့ကြားကထူးဆန်းသောလေထုကိုသတိပင်ထားမိကြပေ။

ရွှီယန့်သူ့လက်ကသစ်ကိုင်းကိုမျက်နှာသေဖြင့်ဆွဲချိုးလိုက်ပြီး သူ့လက်ဖမိုးပေါ်ကသွေးကြောများမှာထောင်လို့နေသည်။

သူခုနကစုန့်လင်ကိုသတ်ပစ်မိလုမတတ်ဖြစ်သွားပေမဲ့သူခပ်မြန်မြန်စိတ်ငြိမ်ငြိမ်ထားလိုက်ရသည်။ အခုမဖြစ်နိုင်သေးဘူး။ စုန့်လင်ကိုသတ်လိုက်တာကလွယ်ပေမဲ့သူ့ကိုအပြီးအပိုင်သတ်လို့မရဘူး။ ဂိမ်းကမ္ဘာပြန်စတာနဲ့ တစ်ဖက်လူကပြန်လာမှာဆိုတော့အဓိပ္ပါယ်မရှိဘူး။

ပြီးတော့စုန့်လင်ဒီကိုပြန်မလာရင်တောင် သူတခြားဂိမ်းကမ္ဘာမှာကောင်းကောင်းနေမှာမဟုတ်ဘူးဆိုတာဘယ်သူသိမှာလဲ။ မင်းသူ့ကိုသတ်ချင်ရင်သူ့ကိုသေချာသတ်ပစ်ပြီးတော့ စုန့်လင်ကိုအသုံးချပြီး ပင်မနတ်ဘုရားဆိုတဲ့ကောင်ထွက်လာအောင်လုပ်ပြီးမှ တစ်ခါထဲရှင်းပစ်လိုက်မယ်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now