[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 359 10
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၃၁)။

"ရှောင်လု၊ ကိုယ်...." ရွှီယန့်ကလင်ခုံးလုကိုသူ့ရင်ခွင်ထဲမှာကြောက်မက်ဖွယ်ခွန်အားဖြင့်ပိတ်လှောင်ထားပြီး သူဟာသိသိသာသာကိုထိန်းချုပ်မှုလွတ်သွားပြီပင်။

ဒါကသူနှင့်ထိုက်တန်တဲ့ကံကြမ္မာဆိုတာလင်ခုံးလုရုတ်ခြည်းနားလည်သွားသည်။ ပိုဆိုးတာကရွှီယန့်လူသားပုံစံပြန်ပြောင်းသွားပြီးနောက်သူ့မှာဘာအဝတ်အစားမှမရှိတော့ဘူး။

သူအလွန်ရှော့ခ်ရသွားကာသူ့မျက်နှာထားအက်ကွဲသွားပြီးသူထစ်ထစ်အအပြောမိသည်။
"မင်း မင်း...ဒါ ဒါ...ဒါကအပြင်မှာလေ။"

သူပြောပြီးသည်နှင့်ဖောင်ငယ်လေးပေါ်ကနွယ်ပင်များမှာလျင်မြန်စွာကြီးထွားလာပြီး ခဏကြာတော့ကြီးမားသောပိုးအိမ်တစ်ခုဖြစ်လာသည်။ ပိုးအိမ်ကိုဝန်းရံထားသည့်နွယ်ပင်များကသစ်ပင်ဖြစ်သွားကာပင်လယ်ထဲတွင်မားမားမတ်မတ်ထောင်မတ်လို့နေသည်။

ရွှီယန့်ကမကျေမနပ်ဖြစ်သွားပုံပင်။ အကိုင်းအခက်များမှာခပ်မြန်မြန်သစ်ရွက်စိမ်းများထွက်လာပြီး အရောင်အသွေးစုံလင်သောပန်းများကသစ်ပင်ပေါ်မှာပွင့်လန်းလာသည်။ နွယ်ပင်ကြီးတစ်ခုလုံးကပင်လယ်ထဲမှာကြီးထွားလာကာ မြူထဲမှာလှပစွာထူးခြားဆန်းကြယ်စွာနှင့်သီးသန့်ဆန်စွာရပ်တည်လို့နေသည်။

နွယ်ပင်များနှင့်လုပ်ထားသည့်ပိုးအိမ်ထဲတွင် ပန်းများကပိုမိုပေါများစွာပိုမိုလှပစွာပွင့်လန်းနေကြသည်။ ကြွေကျလာသည့်ပွင့်ဖတ်များကနူးညံ့သောနွယ်ပင်များဖြင့်လုပ်ထားသည့်ဖျာပေါ်မှာပျံ့ကြဲနေသဖြင့်နူးညံ့ကာမသိမသာအေးစက်လို့နေသည်။

ရွှီယန့်ကလင်ခုံးလုကိုပန်းပင်လယ်ထဲဖိချကာနက်ရှိုင်းသောအကြည့်နှင့်တိုးလျသောအသံဖြင့်:
"ဒီလိုဆိုဘယ်သူမှမမြင်တော့ဘူး။"

အမှန်တော့သူတို့ကိုအစထဲကမမြင်နိုင်ပေ။ အဆုံးမှာတော့သူတို့ကပင်လယ်ထဲမှာရှိနေပြီးမြူများလွှမ်းနေသည်။ အခုဆိုနွယ်ပင်များဖြင့်လုပ်ထားသည့်ပိုးအိမ်နှင့်ဖုံးသွားတော့ပို၍ပင်မ​မြင်နိုင်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now