[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.6K 387 5
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၅)။

ချန်ပေါ်အရိုက်ခံလိုက်ရတာမြင်တော့ ကစားသမားအသစ်နှစ်ယောက်မှာအနည်းငယ်ဇဝေဇဝါဖြစ်သွားကာ ဘာဖြစ်သွားမှန်းနားမလည်ကြပေ။

ဝါရင့်ကစားသမားများကတော့လူငယ်လေးကမြေပြင်ပေါ်ပြုတ်ကျနေပြီး သူ၏ပိုးသားအကျီကော်လာမှာဆွဲဖွင့်ခံထားရသည့်အပြင် သူ၏နူးညံ့လှပသောမျက်နှာလေးမှာလည်းထိတ်လန့်မှုနှင့်အမျက်ဒေါသတို့ပြည့်နေတာမြင်လိုက်ရတော့ တွေးကြည့်စရာပင်မလိုဘဲ အကြောင်းရင်းကိုရုတ်ခြည်းခန့်မှန်းမိလိုက်သည်။

ချန်ပေါ်၊ အဲ့အရူးကသခင်လေးကိုခုနကအနိုင်ကျင့်ချင်ခဲ့တာပဲ။ ဘောပဲ၊ သူတို့ထောင်ကိုဒီလိုဝက်အသင်းဖော်မျိုးနဲ့ရောက်လာမိတာပဲ။

ယွမ်ရှီးချွမ်းကသူ၏ရွှေကိုင်းမျက်မှန်ကိုပင့်တင်ကာပြုံးနေတုန်းဆိုပေမဲ့သူ့မျက်လုံးများမှာတော့အနည်းငယ်ပိုအေးစက်သွားလေသည်။

အမျိုးသမီးကစားသမားနှစ်ယောက်ဖြစ်သည့်ကျိချင်းချင်းနှင့်ဝမ်ရန်မှာတော့ပို၍ပင်စက်ဆုပ်ရွံရှာသွားပုံပင်။ အမြဲတစေနှုတ်ဆိတ်နေတတ်သည့်ယန်ဖုန်းကရှေ့တိုးကာခြေထောက်မြှောက်ပြီး ချန်ပေါ်၏နောက်လက်တစ်ဖက်ကိုတက်နင်းကာ စနစ်နေရာလွတ်ထဲကလက်နက်ထုတ်ယူနေတာကိုတားလိုက်ပြီး လင်ခုံးလုနှင့်အိမ်တော်ထိန်းကိုပြောလိုက်သည်။
"စိတ်မကောင်းပါဘူး။"

လင်ခုံးလုကကြားပုံမပေါ်ဘဲ ရွှီယန့်ကိုအနည်းငယ်သနားစရာကောင်းစွာလက်ဆန့်တန်းပေးထားတုန်းပင်။

ရွှီယန့်ကတုတ်တုတ်မလှုပ်ဘဲ ထိုနေရာမှာရပ်ကာသူ့ကိုတိတ်တိတ်လေးကြည့်နေပြီး သူ့အကြည့်မှာအနည်းငယ်ပို၍ပင်နှိမ့်ချလို့နေသည်။

ဥယျာဥ်မှာခုနကပဲရေလောင်းထားသဖြင့် နေရာတချို့ကမြေကြီးမှာနူးအိလို့နေသည်။ ဖြစ်ချင်တော့ အမြဲအသန့်ကြိုက်သည့်သခင်လေးကရွှံ့ထနေသောနေရာထဲပြုတ်ကျသွားလေသည်။ သူ့ခြေထောက်များမှာအားနည်းစွာကွေးထားသည်။ သူ၏ဖြူဖွေးသောမျက်နှာပေါ်မှာအကြောင်းမဲ့စွာရွှံ့စက်တစ်စက်ရှိနေပြီး သူဟာစိုးရိမ်ကြောက်လန့်ကာခေါင်းမာနေပုံရပြီး သူ့ကိုခေါင်းမာမာနှင့်ကြည့်နေပေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now