[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 319 8
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၃၅)(ဇာတ်သိမ်းပိုင်း)။

အသိပြန်ဝင်လာပြီးနောက် လင်ခုံးလုအလျင်စလိုထထိုင်ကာအိပ်ရာပေါ်ကထွက်ဖို့ပြင်လိုက်ပေမဲ့ သူကြောက်မက်ဖွယ်နာကျင်မှုကိုခံစားလိုက်ရသည်။

"ဟစ်!"

သူပင့်သက်ရှိုက်လိုက်မိပြီးမှလက်တွေ့ကဒီခန္ဓာကိုယ်မှာပြုပြင်ရေးဆေးရည်မသောက်ထားသဖြင့် သူ့ခြေထောက်ကကျိုးနေတုန်းဖြစ်ကာမပျောက်သေးမှန်းသတိရသွားပြီး သူဝှီးချဲသုံးမှရမည်။

တစ်အောင့်ကြာစောင့်ပြီးနောက် သူရုန်းကန်ကာဖြင့်ဝှီးချဲပေါ်တက်ကာ ဓာတ်လှေကားစီးပြီးအောက်ထပ်ဆင်းသွားလိုက်သည်။

ဗီလာထဲမှာအတော်လေးတိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်မှာဝိညာဥ်တစ်ကောင်ပင်ရှိမနေ။

လင်ခုံးလုဝှီးချဲကိုထိန်းကာဟိုဟိုဒီဒီလိုက်ရှာမိရင်း ဒုတိယထပ်ကော်ရစ်ဒါပြတင်းပေါက်ရှေ့ကဖြတ်သွားချိန်မှာ သူရုတ်တရက်အောက်ထပ်ဥယျာဥ်မှလာသည့်ပဋိပက္ခဖြစ်သံကိုကြားလိုက်ရသည်။

သူအလျင်စလိုပြတင်းပေါက်နားကပ်သွားကာ အစွန်းကိုကိုင်ပြီးအပြင်ကိုကြည့်လိုက်သည်။

လက်တွေ့ကမ္ဘာတွင်နတ်ဘုရားများကျွန်းပေါ်မှာစက်တင်ဘာအဆုံးသတ်ဖြစ်နေတုန်းဖြစ်ပြီး ကျွန်းကမြူထဲမှာနစ်မြုပ်မနေပေ။ နေလုံးကအပြင်မှာတောက်ပနေပြီးအပူကသွေဖည်သွားခြင်းမရှိ။

ပြတင်းပေါက်ကနေလုံးကိုမျက်နှာချင်းဆိုင်နေပြီး လင်ခုံးလုလက်မြှောက်ကာတောက်ပသောနေရောင်ကိုပိတ်ကာလိုက်သည်။ သူမျက်လုံးအသာမှေးစင်းကြည့်လိုက်တော့ ဥယျာဥ်ထဲကအခြေအနေကိုသေချာမြင်လိုက်ရသည်--

ရွှီယန့်မှာသာမန်ရိုးကျဝတ်စားထားပြီး လက်ထဲမှာနှင်းဆီတစ်ပွင့်ကိုင်လျက် နှင်းဆီနွယ်နှင့်ရစ်ပတ်ထားသည့်ခြံစည်းရိုးဘေးမှာရပ်ကာဖြင့် သက်လတ်ပိုင်းအရွယ်လူကြီးစကားပြောတာကိုနားထောင်လို့နေသည်။

သူ့မှာအရပ်ရှည်ကာဖြောင့်တန်းသောကိုယ်နေဟန်ထား၊ ချောမောသောရုပ်ရည်၊ နှုတ်ခမ်းထက်အပြုံးတစ်ပွင့်နှင့် သူတစ်ခါမှမ​မြင်ဖူးသည့်စိတ်ရှည်သောမျက်နှာထားရှိနေပေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]On viuen les histories. Descobreix ara