[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 340 4
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၇)။

ရဲတိုက်အပြင်မှာ ဝှီးချဲနှင့်လူငယ်လေးကတုတ်နှင့်ပေါက်တူများကိုင်ထားသည့်ကျွန်းသူကျွန်းသားတစ်အုပ်ကိုထိပ်တိုက်ရင်ဆိုင်လို့နေပြီး သူ့အနောက်မှာတော့ဥယျာဥ်မှူးနှင့်ခရီးသွား၇ယောက်ရပ်နေသည်။

တိုင်ဖွန်းမုန်တိုင်အပြီးတွင် ကျွန်း၏ပတ်ပတ်လည်ဧရိယာမှာမြူတို့ဖုံးလွှမ်းသွားပြီး နေကိုလုံးဝမမြင်ရတော့ပေ။ မွန်းတည့်ချိန်မှာကောင်းကင်ကမှောင်မိုက်လို့နေပြီး အုံ့မှိုင်းကာစိတ်ဖိစီးစရာကောင်းလှပုံမှာ ယခုအချိန်ရှိလေထုကဲ့သို့ပင်။

ရဲတိုက်ထဲကအစေခံများမှာကြောက်လန့်ပြီးပုန်းနေကြသည်။ သခင်လေးကဒီမနက်ဖြစ်ရပ်အပြီးမှာရုတ်တရက်ကြီးပျင်းအရွယ်ရောက်လာပုံပင်။

သူကဝှီးချဲပေါ်မှာတည်ငြိမ်စွာထိုင်လျက် သူ့ကျောကိုမတ်ထားကာ သူ၏လက်ချောင်းဖြူဖြူများကိုဝှီးချဲလက်ရန်းပေါ်အလွယ်လေးတင်ထားလျက် မျက်နှာသေဖြင့်ပြောလိုက်သည်။
"ဦးလေးယောင်း၊ ဦးလေးကရဲတိုက်ကိုရုတ်တရက်ကြီးလူအများကြီးခေါ်လာတာဘာကိုဆိုလိုတာလဲ။"

လောင်ယောင်းကဆေးလိပ်တစ်ချက်ဖွာကာဘာမှမဆိုပေ။ သူ့အနောက်ကဟယ်ခွင်းကချက်ချင်းရှေ့တိုးကာတရိုတသေပြောလာသည်။
"သခင်လေး၊ သခင်လေးဒီကိစ္စမှာဆုံးဖြတ်ချက်မချနိုင်ဘူး၊ ဒီတော့အိမ်တော်ထိန်း...."

"ဆောရီး၊ အိမ်တော်ထိန်းဖျားနေတယ်။"
လင်ခုံးလုသူ့ကိုဖြတ်ပြောကာဖြည်းဖြည်းချင်းပြောလိုက်သည်။
"ဒီမနက်ဘာဖြစ်ခဲ့လဲမသိဘူး။ ရုတ်တရက်လေဖြတ်သွားတာပဲ။ အခုဆိုစကားမပြောနိုင်မလှုပ်ရှားနိုင်တော့ဘူး။ ပြီးတော့သူကအသက်လဲသိပ်မကြီးသေးဘူးလေ။ ဘယ်သူသိမှာလဲ....ထားလိုက်ပါတော့၊ မင်းတို့သူ့ကိုသိပ်တွေ့ချင်နေရင် ငါတစ်ယောက်ယောက်ကိုသူ့ကိုခေါ်လာခိုင်းလိုက်လို့ရတယ်။"

ဟယ်ခွင်း၏မျက်နှာမသိမသာပြောင်းသွားကာလောင်ယောင်းကိုလှည့်ကြည့်လိုက်သည်။

သခင်လေးကအဲ့လိုပြောရဲတယ်ဆိုတော့ အိမ်တော်ထိန်းကတကယ်စကားမပြောနိုင်မလှုပ်ရှားနိုင်ဖြစ်နေတာဖြစ်ရမယ်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now