[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 308 3
                                    

Arc(9) အတိတ်ဘဝ၊ အချပ်ပို(၂)။

အတူနေပြီးနှစ်လအကြာမှာသူသခင်လေးကိုသဘောကျနေမိမှန်းသူသဘောပေါက်ခဲ့သည်။

ထိုအချိန်မှာဦးလေးလင်၏လူများကဆင်ခြေဖုံးရပ်ကွက်မှာလာမရှာတော့သည့်အပြင် လင်ခုံးလုကပန်းဆိုင်ကိုသွားကာနေ့လယ်စာသွားပို့တတ်သဖြင့် သူ့ကိုယ်သူဖုံးကွယ်ထားစရာမလိုတော့ပေ။

သို့သော်မျက်နှာဖုံးမတပ်ထားရင်သခင်လေး၏လှပသောရုပ်ရည်ကနောက်ပြဿနာတစ်ခုဖြစ်နေမှန်းရွှီယန့်သိပ်မကြာခင်မှာသိလိုက်ရသည်။

သခင်လေးမှာပန်းချီကားပမာရုပ်ရည်သွင်ပြင်နှင့်နူးညံ့ကာလှပသည်။ သူကျောင်းမှာတုန်းကဆို သူ၏ကောင်းမွန်သောမိသားစုနောက်ခံအသိုင်းအဝိုင်းနှင့်ရုပ်ရည်ကြောင့်မကြာခဏအာရုံစိုက်ခံခဲ့ရသည်။ သို့သော်သူဆင်ခြေဖုံးရပ်ကွက်ကိုရောက်လာပြီးရုပ်ရည်သာကျန်ခဲ့ကာမိသားစုနောက်ခံအသိုင်းအဝိုင်းမရှိတော့ပေမဲ့ အခြေအနေကတော့ကွာခြားသွားခြင်းမရှိ။

တစ်ဖက်လူပန်းဆိုင်ကိုနေ့လယ်စာလာပို့တိုင်း သူဟာအာရုံစိုက်မှုများစွာရလိမ့်မည်။ တစ်ခါတရံသူလမ်းပေါ်မှာလမ်းလျှောက်နေတုန်း ဆံပင်နီကြောင်ကြောင်နှင့်စိမ်းဖန်ဖန်နှင့်လမ်းသရဲကောင်လေးတချို့ကသူ့ကိုတမင်လေချွန်ပြလိမ့်မည်ပင်။

ဒါပေမဲ့အတိတ်မေ့သွားပြီးနောက်ပိုင်း သခင်​လေးမှာလိမ်မာရေးခြားရှိကာအပြစ်ကင်းသောမျက်ဝန်းများရှိလေသည်။ သူကလမ်းဘေးမှာစျေးဆိုင်ခင်းနေသည့်ဦးလေးကြီးနှင့်အန်တီကြီးများကိုမြင်ရင် သူကဖော်ရွေသောအမူအရာဖြင့်နှုတ်ဆက်တတ်သဖြင့် လမ်းကြားထဲလူတိုင်းနီးပါးသူ့ကိုသဘောကျကြသည်။

နီကြောင်ကြောင်စိမ်းဖန်ဖန်ဆံပင်နှင့်လမ်းသရဲများပင်အဝေးမှလေချွန်ရုံသာတတ်နိုင်သည်။

အနားကပ်လာရဲသည့်ရဲတင်းသူတစ်ယောက်နှစ်ယောက်ရှိရင်တောင် သူတို့ကရွှီယန်ထံမှဘေးကိုဆွဲခေါ်ခံရကာသင်ခန်းစာပေးခံရရင်ခံရ၊ မဟုတ်ရင်သူတို့ဟာဆိုင်ခင်းနေသည့်ဦးလေးကြီးနှင်အန်တီကြီးများထံမှဆူဆဲခံရလိမ့်မည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now