[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။

1.1K 289 14
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၄)။

ဟော့ရှီစစ်ကတောင်းဆိုချက်ကိုတိုက်ရိုက်မပြောဘဲ ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိကိုကြည့်လိုက်သည်။

နှစ်ယောက်သားမှာသူဘာပြောတော့မည်မှန်းနားလည်သွားပုံရကာ ချက်ချင်းခေါင်းခါပြလာသည်။

သို့သော်လည်းဟော့ရှီစစ်ကတုံ့ပြန်ခြင်းမရှိ။ သူကခပ်မြန်မြန်အကြည့်ပြန်ရုတ်ကာလင်ခုံးလုကိုပြောလိုက်သည်။
"ကျွန်တော့်တောင်းဆိုမှုကကျွန်တော့်မိတ်ဆွေနှစ်ယောက်ကိုထွက်သွားခွင့်ပေးဖို့ပဲ။"

"အင်း...." လင်ခုံးလုစဥ်းစားကြည့်ချင်​ယောင်ဆောင်ကာပြောလိုက်သည်။
"ကျားကိုတောင်ကိုပြန်ခွင့်ပြုလိုက်ရင် ဘာပဲဖြစ်ဖြစ်ကိုယ်တော်ကဆုံးရှုံးမဲ့ပုံပဲ၊ မင်းမှာအဲ့တန်ဖိုးတကယ်မရှိရင်ပေါ့။"

ဟော့ရှီစစ်ကတိတ်ကျသွားပေမဲ့ထိုအတွက်တိုက်ခိုက်ချင်သေးပုံရကာ ခပ်မြန်မြန်ဆိုလာသည်။
"အန်ဒရီကဇာ့ဂျ်အရှင်မင်းကြီးရဲ့အရင်ကသဘောတူညီချက်ကိုလိုက်နာမှာမဟုတ်ဘူး။"

"အထူးသဖြင့်အခုအင်ပါယာမှာသူ့ကိုဖိနှိပ်မဲ့သူမရှိရင် သူတော်ဝင်စစ်တပ်ကိုထိန်းချုပ်လို့ရသွားချိန်မှာ သူတာ့ဂလက်စီနားကကြယ်လွင်ပြင်ကိုမပေးဖို့များတယ်၊ အနည်းဆုံးအပြင်ပန်းမှာတော့မဟုတ်ဘူး။"

အန်ဒရီကဧကရာဇ်မဖြစ်ချင်တော့ရင်ပေါ့။

"လူတွေကိုချွေးသိပ်ဖို့အတွက် သူကဇာ့ဂျ်ကိုတောင်ပြန်တိုက်ခိုက်လာနိုင်တယ်။ ဇာ့ဂျ်ကသူနဲ့ပူးပေါင်းတဲ့သက်သေကိုထုတ်ပြလာရင်တောင် သူကသူ့ကိုအသရေဖျက်နေတာပါလို့ငြင်းလိမ့်မယ်။"

"ဇာ့ဂျ်အရှင်သာကျွန်တော့်မိတ်ဆွေတွေကိုပြန်သွားခွင့်ပေးလိုက်ရင် သူတို့ကအန်ဒရီကိုထိန်းချုပ်လို့ရလိမ့်မယ်။ ကျွန်တော်ဒီမှာနေခဲ့လို့ရှိရင် အရှင်မင်းကြီးကကျွန်တော့်ကိုသုံးပြီးသူတို့ကိုထိန်းချုပ်လို့ရတယ်။"

ဟော့ရှီစစ်ကမျက်နှာသေဖြင့်ဆိုသည်။

လင်ခုံးလုခေါင်းငြိမ့်ကာသူ့လက်ချောင်းဖြူဖြူကိုမေးစေ့ပေါ်တင်ပြီးပြောလိုက်သည်။
"အင်း၊ အဓိပ္ပါယ်ရှိသားပဲ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now