စက်ဂွန်းဟန့်စ်မန်းနှင့် စက်ဆရာတို့က လေးစားဖွယ်ကောင်းသည့် မျှော်စင်ဖြိုအတွဲဖြစ်သည်။ သူတို့ကလည်း လျှင်မြန်စွာဖြင့် minionများကို ရှင်းလိုက်နိုင်သည်။ စက်ဂွန်းဟန့်စ်မန်း၏ q skillကို လွှတ်ထုတ်လိုက်ပြီးနောက် ထို ကျည်ဆန်များက အားလှိုင်းတစ်သုတ်လုံး ဖြိုနိုင်သွားလေသည်။

အောက်ခြေလမ်းကျဥ်းက ရှင်းသွားသောအခါ ရှဲ့ဝေ့ယွီက ချောမွေ့စွာဖြင့် အထောက်အပံ့၏ အကာကွယ်အောက်တွင် အလယ်လမ်းကျဥ်းသို့ သွားသည်။ toplane ကွန်ဖူးဆရာသခင်ကလည်း လျင်မြန်စွာဖြင့် minionများကို ရှင်းလိုက်နိုင်သည်။ ရွှီကျိုးက ထိုသို့ ရှင်းသွားပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို အလယ်လမ်းကျဥ်းသို့ ရောက်လာသည်။

Top နှင့် bottom laneများတွင် minionများကို farmလုပ်ရာတွင်တော်သော heroများကို ရွေးချယ်ထားသောကြောင့် ယွဲ့ယင်က အချိန်အားသာချက် ရရှိသွားသည်။ လက်ရှိအချိန်တွင် ရွှီကျိုးနှင့် ရှဲ့ဝေ့ယွီတို့က အလယ်လမ်းကျဥ်းတွင် ရောက်လာကြပြီဖြစ်သည်။ သို့သော် ထျန်းဟွမ်၏ topနှင့် bottom lanerများက ရန်သူminionများကို ရှင်း၍ မပြီးသေးချေ။

ယဲ့ရှောင်းယန်က နီးကပ်လာသော လူအုပ်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြောသည်။

"အလယ်လမ်းကျဥ်းကို ငါးယောက်လုံးလာကြ"

သူတို့ ထပ်လာပြန်ပြီ။

ဒီနေ့ သူတို့က middle landကိုလာပြီး စခန်းချပြီး မာကျောက်ကစားချင်နေကြတာလား။

ချီရှို့က အလယ်လမ်းကျဥ်းကို လှမ်းကြည့်သည်။

"asapကို assistလုပ်ဖို့ gpလိုက် တက်လာကြ"

သို့ရာတွင် ထျန်းဟွမ်၏ topနှင့် bottom lanerများက minionများကို သူတို့၏ လမ်းကျဥ်းအသီးသီးတွင် ရှင်းပြီး အကူအညီလာပေးသောအခါ ယွဲ့ယွင်က အလျင်လက်ဦးမှုယူပြီး စတင်တိုက်ခိုက်နေပြီဖြစ်သည်။

သူတို့၏ အထောက်အပံ့က skillကိုသုံးပြီး ယာယီအားဖြင့် ထျန်းဟွမ်၏ ခုခံရေး မျှော်စင်ကို မတိုက်ခိုက်အောင် တားမြစ်လိုက်သည်။ ရွှီကျိုးကလည်း မျှော်စင်အောက်သို့ တောက်လျှောက်တိုးဝင်ပြီး ယဲ့ရှောင်းယန်ကို ခပ်ကြမ်းကြမ်း တိုက်ခိုက်နေသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now