Part 14

1.7K 277 13
                                    

အပိုင်း (၁၄)

ဝေလငါး Streamingတွင် သူတို့၏ ပလက်ဖောင်း inter face ညာဘက်အောက်ခြေနားတွင် Streamer ပုံရိပ် ဖန်သားပြင် စကရင်ဆိုပြီး ရှိသည်။ Streamer အများစုက သူတို့က Webcam များကို ဖွင့်ထားပြီးနောက် သူတို့၏ မျက်နှာအစစ်များကို ပြကြသည်။ ကြည့်ကောင်းသော Streamer များက ထိုနယ်ပယ်တွင် အားသာချက် ရရှိပြီးလေပြီ။ အချို့ကမူ သူတို့၏ ရုပ်ရည်ကို ပြသရန် ဆွဲဆောင်မှု မရှိလွန်းဟု ခံစားရသဖြင့် ဂိမ်းမှ ဂရက်ဖစ်ကို ဖြစ်စေ ဖန်ကလပ်မှ icon များကို ဖြစ်စေ ပြထားလေ့ ရှိသည်။ သို့သော် ချီရှို့အနေဖြင့် ပထမဆုံးအကြိမ် ထိုStreamerက ကြောင်ကို ထားထားကြောင်း မြင်ရခြင်း ဖြစ်သည်။

ကြောင်၏ နားရွက်များက ကော်ဖီရင့်ရောင်ဖြစ်ပြီး အမွေးပွများ ရှိသော အမြီးက ရှဉ့်ပေါက်လေးအလား ထင်ရသည်။ လည်ပင်းတွင်လည်း မာဖလာကဲ့သို့ ဖြစ်နေသည့် နှင်းဖြူရောင် အမွေးဖြူဖြူလေးက ပို၍ ချစ်စရာကောင်းနေပြီး သူ့တွင် မျက်လုံးပြာကြီးများကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အလွန်အမင်း ချစ်စရာကောင်းသည်။

သတင်းကျောင်းက ဒါဟာ အစ်ကိုငါး ရိုက်ချခံရသည့် ဂိမ်းရီကောဒင်းဖြစ်ကြောင်း မပြောထားခဲ့လျှင် ချီရှို့အနေဖြင့် ထိုStreamer ရှောင်ပိုင်က Live လွှင့်ပြီး ကြောင်စာရောင်းသည်ဟုပင် ထင်မိလောက်သည်။

ချီရှို့က ထိုကြောင်လေးက ကစားနေရင်းမှ တဖြည်းဖြည်း လုံးသထက် လုံးသွားခြင်းအား ကြည့်နေလိုက်သည်။ ထို့နောက် သူက ထိုStreamer ပုံရိပ်ကို တွေ့လိုက်ပြီးနောက် ဂိမ်း၏ အင်တာဖေ့တွင်သာ အာရုံစိုက်ကြည့်လိုက်သည်။

မင်ကျိုး၏စီရင်စုတွင် အသူရာအရှင်သခင်ဖြင့် #1 ရထားသော ထိုရှောင်ပိုင်က ဟီးရိုးအသစ်ကို သုံး၍ မည်သို့ ကစားမည်ဖြစ်ကြောင်း သိလိုသည်။ ထိုတစ်ခဏတွင် နည်းပြလင်းက လက်ထဲတွင် ရေနွေးဘူးကို ကိုင်လျက် ရောက်လာသည်။

နည်းပြလင်း၏ ခြေလှမ်းများက ငှက်မွေးကဲ့သို့ ပေါ့ပါးသည်။ သူက အမြဲတစေ တစ္ဆေကဲ့သို့ ဟိုဟိုဒီဒီ လျှောက်သွားနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထျန်းဟွမ် ကစားသမားအများစုက လေ့ကျင့်နေရင်း အနည်းငယ်ပင် စိတ်မလွှင့်ရဲကြချေ။ အကြောင်းမူကား နည်းပြလင်းက သူတို့ကို အမိဖမ်း၍ ရှိသောကြောင့် ဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now