Part 49

1.3K 224 10
                                    

49 01

အပိုင်း (၄၉)

ယဲ့ရှောင်းယန်ဘက်မှ ကြည့်လျှင် ဒါက အလွန်ရိုးရှင်းသော ကိစ္စဖြစ်သည်။ သည်အတိုင်း တခြားတစ်ယောက်၏ လည်ကုတ်ကို ကိုက်လိုက်ရုံသာ ဖြစ်သည်။ အများဆုံးမှ သွားရာသာ ကျန်ခဲ့ပေလိမ့်မည်။ ရက်အနည်းငယ်ဆိုလျှင် ဖျော့တော့ ပျောက်ကွယ်သွားပေလိမ့်မည်။

သို့ရာတွင် ယဲ့ရှောင်းယန်က တစ်ဖက်သို့ လှည့်လိုက်ပြီး အချိန်အတန်ကြာသည်အထိ ချီရှို့က မတုံ့ပြန်နိုင်ခဲ့ချေ။

ဘာတွေဖြစ်ကုန်တာလဲ။

တိတ်ဆိတ်မှုက ချောက်ချားဖွယ်ပင် ကောင်းလာသည်။ ထိုနေရာတစ်ခုလုံးတွင် ရှိသော အချိန်ကပင် အေးခဲနေသလို ဖြစ်နေသည်။

ယဲ့ရှောင်းယန်က နောက်သို့ လှည့်လိုက်ပြီး ချီရှို့ကို ကြည့်လိုက်သောအခါ အလွန်အမင်း စိတ်ရှုပ်ထွေးသော မျက်နှာထားမျိုး ဖြစ်နေကြောင်း မြင်လိုက်ရသည်။ ထိုအမူအရာမျိုးက ဖော်ပြရန်ပင် ခက်ခဲသည်။

ဒါက... ညလယ်ခေါင်တွင် သရဲကို တွေ့ရသော မျက်နှာထားမျိုး ဖြစ်နေသည်။

ဖြစ်နိုင်တာက ABO လောကက လူတွေအတွက် သည်လို အခြေအနေမျိုးက ကြောင်တောင်တောင် နိုင်လို့လား။

ယဲ့ရှောင်းယန်က ထိုတစ်ခဏတွင် မေးလိုက်သည်။

"ခေါင်းဆောင်ချီက စင်ဂယ် မဟုတ်လား"

သူက ထျန်းဟွမ်အသင်းမှ အချက်အလက်များကို ဖတ်ကြည့်သောအခါ ခေါင်းဆောင်ချီနှင့် ပတ်သက်ပြီး ချစ်သူရည်းစားရှိသည် ဆိုသော အခြေအနေမျိုးကို မတွေ့ခဲ့ရချေ။ ထို့အပြင် အတင်းအဖျင်းများကိုလည်း မကြားခဲ့ရချေ။ ခေါင်းဆောင်က ပရိုလိဂ်တွင်သာ စိတ်ကို ပုံအပ်ထားခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ယဲ့ရှောင်းယန်က ချီရှို့ကို အမှတ်အသားပြုရန် တောင်းဆိုခြင်း ဖြစ်သည်။

ချီရှို့တွင်သာ ပါတနာ ရှိနေခဲ့လျှင် သူက ချီရှို့ကို ထိုသို့ကိုက်ခိုင်းခဲ့သည့်အခါ နားလည်မှု လွဲမှားမှုများ ဖြစ်လာနိုင်သည်။ သဝန်တိုခြင်း စသော ပြဿနာများလည်း ရှိလာနိုင်သေးသည်။ သို့သော် သူတို့နှစ်ယောက်လုံးက စင်ဂယ်ဆိုကတည်းက မိတ်ဆွေအချင်းချင်းကြား ကူညီပြီး တစ်ကိုက်ကိုက်လိုက်ရုံက ပြဿနာ မရှိနိုင်ချေ။ ဒါက ထူးခြားသော ကိစ္စ ဖြစ်မသွားသင့်ပါချေ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးDonde viven las historias. Descúbrelo ahora