Part 29

1.6K 229 2
                                    

အခန်း (၂၉)

ဂိမ်းကစားခြင်းနှင့် ပရိုeSpot တွင် ဝင်ကစားခြင်းက မတူသောကိစ္စ ဖြစ်သွားသည်။ ဂိမ်းကစားရာတွင် တော်သော လူအများစုက eSport နယ်ပယ်အတွက် မသင့်လျော်ချေ။ ထိပ်တန်းအဆင့် နေရှင်နယ်အဆင့် ဝင်ထားသည့် Streamer များကပင် ပရိုeSport ကစာသမားများ ဖြစ်ရန် လိုအပ်သည့် အဆင့်အတန်းနှင့် မကိုက်ညီသော အခြေအနေမျိုး ရှိတတ်သည်။ ထိုကဲ့သို့သော ပါရမီချင်း ပြိုင်သည့် ပြိုင်ပွဲတစ်ခုတည်းတွင်ပင် လူအများ၏ ၉၉.၉ ရာခိုင်နှုန်းက တစ်သွားတတ်သည်။ ထိုသို့ဖြင့် eSport နယ်ပယ်က ကြမ်းတမ်းခက်ထန်သည်။ တစ်ခါတရံတွင် တုံ့ပြန်မှု အရှိန်နှုန်းတွင် ၀.၀၅ စက္ကန့်လောက် နှေးကွေးသွားရုန်ဖြင့် အသင်းတစ်ခုလုံးက ပြိုလဲကျသွားနိုင်သေးသည်။ ပရိုအသင်းကြီးတိုင်းက သူတို့၏ ကစားသမားများအတွက် လိုအပ်ချက်များကို အလွန်အမင်း မြင့်ထားလေ့ ရှိသည်။ ပါရမီရှင်များ၏ စမ်းသပ်ချက်များတွင် အလွန်အမင်း မျှော်လင့်ချက် ပေးနိုင်သည့် eSport ကစားသမားများကသာ အောင်မြင်နိုင်ခြေ ရှိလေသည်။ ဒါက eSport လောကတစ်ခုလုံးအတွက် တံခါးချပ်ကြီးလည်း ဖြစ်သည်။

ယဲ့ရှောင်းယန်က သူ၏ယခင်ဘဝ GDအသင်းတွင် ပြိုင်ပွဲတိုင်းတွင် အမှတ်အပြည့်ရခဲ့သည်။ သူက မှတ်မိနေသေးသည်။ ထိုအချိန်က ဆိုလျှင် GD အသင်းမှ နည်းပြက သူ့ကို ပြောခဲ့သည်။

"တုံ့ပြန်မှု အရှိုန်နှုန်း၊ ဒိုင်းနမစ်မြင်နိုင်စွမ်းအား၊ ပူးပေါင်းဆောင်ရွက်မှု၊ တည်ငြိမ်မှု ဒါတွေ အားလုံးက eSport ကစားသမားတွေအတွက် အလိုအပ်ဆုံး အချက်တွေပဲ။ ကွန်ပျူတာမှာ ရှိတဲ့ အခြေခံအကျဆုံး ဟာ့ထ်ဝဲ နဲ့လည်း တူတယ်။ မင်းရဲ့ ဒီဟာ့ထ်ဝဲက လုံလောက်အောင် ကောင်းနေမယ် ဆိုရင် မင်းက အရမ်းကို အဆင့်မြင့်လွန်းတဲ့ ဆော့ဝဲတွေနဲ့ ယှဉ်နိုင်စွမ်းအား ရှိလာလိမ့်မယ်။ ဒါက မင်းရဲ့ဂိမ်းအပေါ် အာရုံခံနိုင်စွမ်းအားအတွက် အကျိုးရှိတယ်"

(ဟာ့ထ်ဝဲ - ရုပ်ပိုင်းဆိုင်ရာ ပြင်ပအစိတ်အပိုင်း၊ ဆော့ဝဲ - ထိတွေ့ကိုင်တွယ်၍ မရသော ပရိုဂရမ်)

ထိုစကားက မှန်ကန်နေသည်။ ဟာ့ထ်ဝဲတစ်ခုတည်းက မလုံလောက်ချေ။ ရုပ်ပိုင်းဆိုင်ရာ Skill ကျွမ်းကျင်သည့် eSport ကစားသမား အများစုက သူတို့၏ အသက်မွေးဝမ်းကြောင်း လမ်းစဉ်တွင် Gaming God များ မဖြစ်သွားသော အခြေအနေမျိုးလည်း ရှိသေးသည်။ အကြောင်းမူကား သူတို့၏ ဂိမ်းအပေါ် အာရုံခံနိုင်စွမ်းအား၊ သူတို့၏ ခပ်မြန်မြန် ဆုံးဖြတ်ချက် ချနိုင်စွမ်းအား သူတို့၏ ဂိမ်းကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် စွမ်းရည် စသဖြင့်တို့က eSport နယ်ပယ်မှ အကောင်းဆုံး ကစားသမားများအတွက် လိုအပ်သည့် လိုအပ်ချက်အတွက် မကိုက်ညီနေသောကြောင့် ဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးDonde viven las historias. Descúbrelo ahora