Part 80

998 179 5
                                    

အပိုင်း (80)

နတ်ဘုရားများ၏ စစ်ပွဲ proအဖွဲ့ချုပ်က စပွန်ဆာ များသည်။ ရလဒ်အနေနှင့် တရုတ်နိုင်ငံက တိုင်းပြည်တစ်ခွင်အနှံ့ အဓိကမြို့တော်ကြီး လေးမြို့လုံးတွင် အားကစားခန်းမကြီးများ ရှိနေပြီ အရှေ့အနောက်တောင်မြောက်ဘက်အကျဆုံး အပိုင်းတွင် ဆောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ပရိသတ်များအနေဖြင့် သူတို့၏အိမ်နှင့် အနီးနားနေရာသို့ သွားကာ ပွဲစဥ်များကို ကြည့်ရှုနိုင်သည်။ ထိုအတွက်ကြောင့်လည်း စပွန်ဆာများအနေနှင့် adsများလုပ်ရန် လွယ်ကူသွားလေသည်။

ထျန်းဟွမ်၏ ပထမဦးဆုံးပွဲကNTGနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သူတို့၏ပွဲစဥ်ကို ဂလာစီရာမြို့တော်တွင် ကျင်းပမည်​ဖြစ်သည်။ ထိုနေရာကလည်း စီရင်စုကြီးတစ်ခု၏ မြို့တော်ဖြစ်နေသေးသည်။ နည်းပြနှင့် အသင်းစီမံခန့်ခွဲသူများ၊ ပူးပေါင်းဆောင်ရွက်သူများ အစသဖြင့် ကစားသမားတိုင်းက ၁ရက်ခန့်ကြိုတင်ကာ ထိုနေရာသို့သွားပြီး ဂလာစီရာမြို့ဝန်းကျင်နှင့် နေသားကျအောင်လုပ်သည်။

ထိုမြို့တော်၏ သာမန်အပူချိန်ကတင် တိုင်းပြည်၏ အဓိကမြို့တော်ကြီး၏ သာမန်အပူချိန်ထက် ၈°ခန့်ပိုနိမ့်သော ရေခဲမြို့တော် ဖြစ်နေသည်။ ဇန်နဝါရီတွင် ထိုနေရာက ဆောင်းတွင်းကာလ ဖြစ်နေသေးသည်။ ထို့ကြောင့် တစ်မြို့လုံးကို ငွေရောင်ရေခဲနှင့် နှင်းများက ဖုံလွှမ်းထားသေးသည်။ လမ်းတိုင်းတွင် ရေခဲရုပ်တုများက ရှိနေသည်။ ချန်းရှင်းအနေနှင့် ပထမဦးဆုံးအကြိမ် ဂလာစီရာမြို့ကို သွားလည်ခြင်း ဖြစ်လေရာ လေဆိပ်မှ စတင်ပြီး ဟော်ကျိုသို့သွားသော လမ်းတောက်လျှောက်ကို သူ၏ ဖုန်းက တောက်လျှောက်အလုပ်လုပ်ပြီး နှင်းအဆောက်အဦး များကို ရိုက်ကူးနေခဲ့သည်။

ထိုအပတ်တွင် ဂလာစီရာမြို့ရှိ အားကစား​ပြဇာတ်ရုံကြီးထဲတွင် ပွဲစဥ်လေးပွဲ ကျင်းပမည်ဆိုသော အချိန်ဇယား ရှိနေသည်။

အဖွဲ့ချုပ်ကလည်း ထိုပွဲစဥ်လေးပွဲတွင် ပါဝင်မည့် ၈သင်းလုံးကို ဟော်တယ်တစ်ခုလုံးတွင် နေခိုင်းထားသည်။ အကြောင်းမူကား ထိုဟော်တယ်က အဖွဲ့ချုပ်မှ official ပါတနာ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် အရာအားလုံးကို မျက်စိဒေါက်ထောက်ကြည့်ရန် လိုအပ်လေသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now