Part 55

1.4K 202 11
                                    

အပိုင်း (55)

ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က မနက် ၇နာရီ ၄၀မှ ၉နာရီ ၄၀အထိ ကစားခဲ့သည်။ သူတို့က သူတို့၏ နှစ်ယောက်တွဲလေကြောင်း comboကိုသုံးကာ ၄ပွံဆက်တိုက် နိုင်သွားသည်။

ချီရှို့က သူ၏ gaming ကုလားထိုင် နောက်သို့ မှီထိုင်လိုက်ပြီးနောက် နားထင်များကို နှိပ်နယ်ကာ မေးသည်။

"၁၀ နာရီတောင် ထိုးတော့မယ်၊ မင်း streamingရဦးမှာမဟုတ်လား"

"ငါသာ နေ့တိုင်း steramမယ်ဆိုရင် လေ့ကျင့်မှုအပေါ် သက်ရောက်မှုရှိနိုင်လား"

ယဲ့ရှောင်းယန်က မေးသည်။

"မရှိပါဘူး၊ အသင်းရဲ့ လေ့ကျင့်ချိန်က နေလယ်နဲ့ ညပိုင်းတွေမှာပဲ၊ ငါတို့ မနက်ပိုင်းစောစော အဆင့်တက်တာကတင် အပိုလေ့ကျင့်တာဖြစ်နေပြီ"

ချီရှို့က နားထင်တွင် ထားထားသော လက်ကို ပြန်ချလိုက်ပြီးနောက် ယဲ့ရှောင်းယန်ကို တဖြည်းဖြည်းချင်း လှည့်ကြည့်သည်။ သူက နွေးထွေးစွာ ထပ်ဖြည့်ပြောသည်။

"မင်း မင်းကိုယ်မင်း အရမ်းကြီး ဖိအား မပေးပါနဲ့၊ ဒီတိုင်း မနက်ပိုင်း ၂နာရီလေ့ကျင့်တဲ့အပေါ်ပဲ အာရုံစိုက်ထား၊ နောက်ပိုင်း မင်းကိုယ်မင်း အနားယူဖို့ အချိန်ပေးဦး"

ယဲ့ရှောင်းယန်ကလည်း တွေးကြည့်ပြီးနောက် ချီရှို့ပြောသော စကားကလည်း ဖြစ်သင့်ကြောင့် မသိထားလိုက်မိသည်။ ချီရှိူ့နှင့်အတူ နိုင်ငံတကာ saverတွင် rank တက်အောင် ကစားခြင်းကတင် အားအင်ကုန်ဆုံးစေသည်။ ထို့အပြင်သူက တစ်ချိန်လုံး ဂိမ်းပွဲအပေါ် အာရုံအပြည့်စိုက်ထားရပြီး တစ်စက္ကန့်တွင် စိတ်မလွတ်ရဲချေ။ ထိုနည်းနှင့်မှသာ သူက ချီရှို့၏ အရှိန်ကိုလိုက်ညှိနိုင်မည်ဖြစ်သည်။ သူက တစ်ချိန်လုံးသာ ထိုသို့ ခွန်အားအလွန်စိုက်ရသော လေ့ကျင့်မှုမျိုးကို လုပ်ရလျှင်ပင် မဖြစ်နိုင်လောက်ချေ။

လေ့ကျင့်သည့်တိုင်အောင် သူတို့က အလုပ်နှင့် အနားယူချိန်ကို မျှတအောင် ထားရဦးမည်ဖြစ်သည်။

ထိုသို့တွက်ချက်ပြီးသည်နှင့် ယဲ့ရှောင်းယန်က ချက်ချင်းထရပ်လိုက်ကာ အခန်းသို့ ပြန်ရန် ကြံစည်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးTempat cerita menjadi hidup. Temukan sekarang