Part 48

1.2K 244 35
                                    

 48 01

အပိုင်း (၄၈)

ချီရှို့ကမူ သူ နားကြားမှားသည်ဟုပင် ထင်လိုက်သည်။

ယဲ့ရှောင်းယန်က အသက်၂၁ ဖြစ်နေလေပြီ။ ထို့ကြောင့်တိုင်းပြည်မှ ၉၉.၉၉%သော လူငယ်တိုင်းက ၁၆နှစ်နှင့် ၁၈နှစ်ကြားတွင် ကူးပြောင်းကြလေသည်။ ထို့ကြောင့် ချီရှို့ဆိုလျှင် ၁၆နှစ်တွင် အယ်ဖာအဖြစ် ကူးပြောင်းခဲ့ခြင်း ဖြစ်သည်။ သူက ၁၈နှစ်တွင် အရွယ်ရောက် အယ်ဖာအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ကူးပြောင်းမှုက ထိုနေရာတွင် အဆုံးသတ်သွားသည်။

သို့သော် သူက ယဲ့ရှောင်းယန်နှင့် ပထမဦးဆုံးတွေ့သော အချိန်က ယဲ့ရှောင်းယန်ကို ကူးပြောင်းပြီးခြင်း ရှိမရှိ မမေးမြန်းခဲ့ပေ။ မည်သို့ပင်ဆိုစေ အသက်၂၁အရွယ် လူတစ်ယောက်ထံမှ အယ်ဖာအနံ့ဖုံး spray ရကတည်းက အယ်ဖာဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့ အခုတော့...။

သူ၏အရှေ့တွင် ရပ်နေသောသူက ရိုးသားစွာပြောလာသည်။

"ငါ့ကို ဆေးရုံခေါ်သွားပေးပါ၊ ငါ ကြည့်ရတာ ကူးပြောင်းတော့မယ် ထင်တယ်"

ဟု ပြောလာသည်။

ချီရှို့ကိုယ်တိုင်ကပင် မိုးခြိမ်းသံ ကြားလိုက်ရပြီး တဆက်တည်းဆိုသလို မိုးကြိုး အပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူက တစ်ခဏခန့် ထုံထိုင်းသွားပြီးနောက်မှာတော့ အသိပြန်ဝင်ကာ မယုံကြည်နိုင်သလို ထပ်မေးသည်။

"မင်း မင်းက မကူးပြောင်းရသေးဘူးလား"

ယဲ့ရှောင်းယန်က ညင်သာသိမ်မွေ့သော မျက်နှာမျိုးဖြင့် ပြောသည်။

"ဟုတ်တယ် ငါကူးပြောင်းတာ တော်တော်လေးနောက်ကျတယ်"

ဒါက... တော်တော်လေးဆိုတာထက် ပိုနေတယ် မဟုတ်လား။

၂၁နှစ် ဆိုတာက အရွယ်ရောက်ပြီးပြီလေ။

ချီရှို့က ယဲ့ရှောင်းယန်ကို စိတ်ရှုပ်ထွေးသော မျက်နှာထားမျိုးဖြင့် ကြည့်သည်။ ယဲ့ရှောင်းယန်ကလည်း သူ့ကို လိမ်ညာရန် အကြောင်းပြချက် မရှိချေ။ ယဲ့ရှောင်းယန်၏ လက်ရှိ ပုံရိပ်အခြေအနေအရ သူက လိမ်ညာနေသည်နှင့် မတူချေ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now