Part 95

668 130 5
                                    

အပိုင်း (95)

"team ထျန်းဟွမ်ကို ဒီတစ်ပွဲမှာလည်း 2-0နဲ့ နိုင်သွားတဲ့အတွက် ဂုဏ်ပြုပေးကြရအောင်"

"ဒုတိယပွဲရဲ့ mvpကလည်း လဲ့ယန်ဆီပဲ ရောက်သွားပြန်ပါပြီ၊ သူ့ရဲ့ ပန်းစောင့်နတ်သမီးက တစ်​ကြမ်မှ မသေသွားဘဲ killဆယ်ကြိမ် ယူသွားတယ်၊ ဒီဖျော်ဖြေမှုနဲ့ဆိုရင် သူက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ်တောင် သရဖူ ရနိုင်သေးတယ်"

"ထျန်းဟွမ်ကို နောက်ထပ်တစ်ခေါက် လက်ခုပ်တီးပြီး အားပေးလိုက်ကြရအောင် "

"လက်ရှိအချိန်မှာ ထျန်းဟွမ်က သူတို့ရဲ့ group bမှာ 2-0နဲ့ တောက်လျှောက်နိုင်လာခဲ့တယ်၊ သူတို့က အခု ၆မှတ်ဖြစ်သွားပြီ၊ ဒီတော့ ဒီအဖွဲ့မှာ အဆင့်၁ပဲ"

"အခု group bရဲ့ rankingကို ကြည့်ရအောင်"

ထိုသို့ဖြင့် group bမှ အဖွဲ့၆ဖွဲ့လုံး၏ အမှတ်များက ဖန်သားပြင်ကြီးတွင် ပေါ်လာသည်။

"ထျန်းဟွမ်က ၆မှတ်ဖြစ်သွားပြီ၊ CYCက ၄မှတ်၊ team ADနဲ့ MIDက ၃မှတ်စီရထားတယ်၊ team TNGကတော့ ၁မှတ်ပဲ ၊ နောက်ပြီး BOBက လက်ရှိအချိန်မှာ သုညနေရာမှာ ရှိနေတယ်၊ ဒီတော့ နောက်နှစ်ပတ်မှာ ထျန်းဟွမ်က group bရဲ့ team ADနဲ့ MIDကို ရင်ဆိုင်ရမှာပဲ"

"ယေဘူယျကျကျ ပြောရရင် ထျန်းဟွမ်က နောက်နှစ်ပွဲမှာ 0-2နဲ့ မရှုံးသမျှ သူတို့က group bကနေ အဆင့်တက်ရမှာပဲ"

"ဟုတ်တယ် team ADနဲ့ MIDက CYCဆီမှာ 1-2နဲ့ ရှုံးထားတယ်လေ၊ ဆိုတော့ သူတို့ရဲ့ အသီးသီးခြေရာကောက်ကြည့်မယ်ဆိုရင် ထျန်းဟွမ်က ဒီအသင်းတွေနဲ့ ရင်ဆိုင်ရတဲအခါ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်စေတဲ့ အခြေအနေမျိုးသာ မလုပ်ရင် အဆင်ပြေပြီပဲ၊ ဒါပေမဲ့ ဘာကိုမှတော့ မသေချာနိုင်ဘူးပေါ့"

"ထျန်းဟွမ်က လူတိုင်းကို ဒီ seasonမှာ သူတို့ကို သတိထားမိလာအောင် လုပ်နိုင်ခဲ့တယ်၊ သူတို့ရဲ့ ဒီ midlanerအသစ် လဲ့ယန် ထပ်ပေါင်းလာမှုကြောင့် အထူးသဖြင့်ပေါ့၊ ထျန်းဟွမ်ရဲ့ တိုက်ပွဲဝင်နည်းဗျူဟာတွေက တော်တော်လေးကို လတ်ဆတ်ပြီး ကြမ်းတမ်းလာလွန်းတယ်၊ အခု ထျန်းဟွမ်က အနာဂတ် ဂိမ်းပွဲတွေမှာ ဘယ်လိုဆက်လက်ပြီး လုပ်ဆောင်သွားမလဲဆိုတာကို အရမ်းကို မျှော်လင့်စောင့်စားပြီး သိချင်စိတ်ပြင်းပြလာကြပြီမဟုတ်လား၊ တစ်ချိန်တည်းမှာပဲ team CYCကို ဒီနေ့ဂိမ်းပွဲတွေမှာ မှတ်သားပြုဖွယ်နိုင်လောက်အောင် ဖျော်ဖြေနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ လက်ခုပ်တီးပေးလိုက်ရအောင်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now