Part 104

727 113 4
                                    

အပိုင်း (104)

ချန်းရှင်းက အစပိုင်းတွင် စိတ်အခြေအနေ ဆိုးနေခဲ့သည်။ သို့သော် ယဲ့ရှောင်းယန်က သူ့ကို နှစ်သိမ့်ပေးသော စကားကို ကြားလိုက်သည့်နောက်တွင် တစ်ဖန်ပြန်ပြီး တက်ကြွသွားသည်။

ဟုတ်တယ်။ professional leagueရဲ့ ထိပ်ဆုံးမှာရပ်နေတဲ့ maskmanတောင်မှ ဟိုနေရာဒီနေရာမှာ အသတ်ခံခဲ့ရတာပဲ။ သူက အသစ်လေ။ ဒီတော့ သူနည်းနည်းလောက် အသတ်ခံရတာက ဘာဖြစ်လဲ။ ဒါ့အပြင် သူ့ကို top tier toplanerက သတ်သွားသေးတာ။ ရှက်စရာမှ မရှိဘဲ။

ချန်းရှင်းက လျင်မြန်စွာဖြင့် စိတ်အခြေအနေကို ထိန်းညှိလိုက်သည်။ ထို့နောက် ဘေးဘက်သို့ ကြည့်လိုက်ပြီးနောက် ယဲ့ရှောင်းယန်နှင့် ချီရှို့တို့ပြောနေသောစကားကို တက်ကြွစွာ နားထောင်လိုက်သည်။

ယဲ့ရှောင်းယန်က ပြောသည်။

"အရင်ပွဲစဥ်မှာ သူတို့က ငါတို့ရဲ့ စည်းချက်ကို ဖျက်ဖို့ လမ်းတွေကို ဆက်တိုက် ပြောင်းနေခဲ့တာ၊ ဂိမ်းနှောင်းပိုင်း ပွဲထဲမှာလည်း သူတို့က ရှောင်ရှင်းကို တိုက်ရိုက် သတ်သွားနိုင်ပြီး ငါတို့ကို dps မလုံတလာက်တော့အောင် ဖြစ်သွားစေခဲ့တယ်၊ ငါတို့အနေနဲ့လည်း ရှဲ့ဝေ့ယွီကို ဂရုစိုက်ဖို့ ကျရှုံးခဲ့တယ်၊ ဒါကြောင့်ပဲ ထျန်းဟွမ်က ရှုံးသွားတာ"

ချီရှို့က ယဲ့ရှောင်းယန်ကို မျက်နှာမူထားသည်။ သူက ခပ်တိုးတိုးပြောသည်။

"လေနတ်သမီးက ရှဲ့ဝေ့ယွီရဲ့ signature heroပဲ၊ ငါတို့ကသာ သူ့ကို ဒီ hero ကစားနေတဲ့အချိန်မှာ ကိုင်တွယ်ချင်တယ်ဆိုရင် ဗျူဟာတစ်ခုနှစ်ခုလောက်တော့ သုံးလို့ရနိုင်တယ်၊ တစ်ခုကတော့ ထိန်းချုပ်တဲ့ skill ကြမ်းကြမ်းသုံးနိုင်တဲ့ heroမျိုးပဲ၊ ဒီလိုနဲ့ သူ့ကို တိုက်ရိုက် lock ပိတ်ထားပြီး လျှောက်မသွားနိုင်အောင် လုပ်ထားနိုင်တယ်၊ ဒီလိုဆိုရင် ငါတို့က သူ့ကို ခပ်မြန်မြန် သတ်လိုက်လို့ ရပြီ၊ ဒုတိယတစ်နည်းကတော့ အရမ်းကို ပေါက်ကွဲစွမ်းအား မြင့်မားလွန်းတဲ့ heroကိုသုံးပြီး သူ့ကို တစ်စက္ကန့်တည်းနဲ့ ဆွဲချဖို့ပဲ"

အချို့သော ထိန်းချုပ်မှု skillများက cleanseလုပ်၍ မရချေ။ ဥပမာအားဖြင့် တော်ဝင်မှော်ဆရာ၏ sealဖြစ်သည်။ အိပ်မက်ဆိုး၏ sleepနှင့် တောင်ပံခြောက်သွယ်နတ်မိမယ်၏ bindလည်း ပါဝင်သည်။ ထိုထိန်းချုပ်သော skillများကလည်း ကိုင်တွယ်ရခက်ခဲပြီး ဖျတ်လတ်လွန်းသော heroများအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးOn viuen les histories. Descobreix ara