Part 27

1.6K 234 2
                                    


အပိုင်း (၂၇)

ထိုသူဌေး၏ မေးခွန်းက ယဲ့ရှောင်းယန်ကိုလည်း အတန်ငယ် အံ့အားသင့်သွားစေခဲ့သည်။ သူက လက်ရှိအခြေအနေတွင် သူက အသူရာအရှင်သခင်၊ ပုံရိပ်ယောင်ပညာရှင်၊ အေးခဲနတ်ဘုရားမ တို့ကိုသာ ကစားနိုင်သေးသည်။ ထိုဟီးရိုးသုံးကောင်တည်းနှင့် သူကသာ ပရိုအဖွဲ့ချုပ်သို့ ဝင်ရောက်ကစားမည် ဟု ဆိုပြောလိုက်လျှင် မည်သူကမျှ ယုံကြည်ကြမည် မဟုတ်ချေ။

လူအများစုက သူက ငယ်ရွယ်သေးပြီး စိတ်ကူးယဉ်ကြမ်းလွန်းသည်ဟုသာ ထင်လောက်ပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမသိဟု တွေးလောက်သည်။ ထို့ကြောင့် ဝေလငါး Streaming ကို သူက eSport Team တစ်ခုတွင် တရားဝင် ပြိုင်သည့်အခါနှင့် ပတ်သက်သည့် စာချုပ်ပါကိစ္စများကို ဆွေးနွေးသောအခါတွင်လည်း မည်သူ့ကိုမှ ယဲ့ရှောင်းယန်က တရားဝင်ကစားချင်ကြောင်း မပြောခဲ့ဖူးသေးချေ။ သူ၏ လက်ရှိအင်အားမျိုးဖြင့် သူက မလုံလောက်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခေါင်းမာစွာဖြင့် ကြုံးဝါးနေမည် ဆိုလျှင်လည်း ဒါက အလကား လေကုန်ရုံသာ ရှိပေလိမ့်မည်။

သူ၏မူလအကြံအစည်က သူက ဟီးရိုးများများကို နေရှင်နယ်အဆင့် ဝင်အောင် လုပ်ချင်သည်။ ဟီးရိုး Pool က လုံလောက်အောင် နက်သွားလျှင် သူ့အနေနှင့် ကျော်ကြားသော အပြင်လူဘုရင်ဘွဲ့ကို ရရှိမည် ဖြစ်သည်။ ထို့နောက် သူက ပရိုအသင်းများထံ ခြေဆန့်နိုင်မည် ဖြစ်သည်။ ထိုအခါ သူက -င်ခေါင်းကျယ်သည်ဟု မည်သူကမှ မထင်လောက်တော့ချေ။

သူ့အနေဖြင့် သူဌေးက ဒီလိုမေးခွန်းမျိုးကို ဒီလိုစိတ်ရင်းဖြင့် မေးလာမည်ဟု မထင်ထားမိချေ။ ယဲ့ရှောင်းယန်က တိုက်ရိုက်မဖြေလိုက်ဘဲ ပြန်မေးလိုက်သည်။

"သူဌေး ငါက ပရိုကျကျ ကစားနိုင်မယ်လို့ ထင်လို့လား"

ချီရှို့က ပြောသည်။

"ငါ လေ့လာသုံးသပ်ရတဲ့ အခြေအနေ အတိုင်းဆိုရင် မင်းရဲ့ စီမံကိန်းချပြီး လုပ်နိုင်စွမ်းရှိတဲ့ Skill နဲ့ ဂိမ်းအပေါ် အာရုံခံနိုင်စွမ်းမှာ ပြဿနာကို မရှိဘူး။ မင်းက တခြား Skill တွေကို ကျွမ်းကျင်လား မကျွမ်းကျင်ဘူးလား ဆိုတာအတွက်ကတော့ ပရော်ဖယ်ရှင်နယ်အရ တရားဝင် စမ်းသပ်စစ်ဆေးပြီး ပြိုင်ပွဲတွေကို ကျော်ဖြတ်ပြီးမှပဲ ဆုံးဖြတ်နိုင်လိမ့်မယ်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWo Geschichten leben. Entdecke jetzt