Part 53

1.5K 208 2
                                    

အပိုင်း (53)

နတ်ဘုရားများ၏ စစ်ပွဲ နိုင်ငံတကာsaverတွင် နာမည်တူသောလူက တစ်ယောက်ထက်မက ရှိသည်။ တစ်ခုတည်းသော ထူးခြားပြီး အတည်ပြုနိုင်သော အရာက ကစားသမားများ၏ ၉လုံးခန့်ရှိသော ကစားသမား id ​ဖြစ်သည်။ မိတ်ဆွေအဖြစ် အပ်လိုလျှင်လည်း id နံပါတ်နှင့်သာ ရှာရသည်။

ချီရှိုက ယဲ့ရှောင်းယန်ကို သူ၏ friend listထဲသို့ အပ်လိုက်ပြီးနောက် ပိုက်ဆံအနည်းငယ်သုံးကာ သူတို့၏ အကောင့်ထဲတွင် ရှိသည် junglerတိုင်းနှင့် midlane heroတိုင်းကို unlock လုပ်လိုက်သည်။ ထို့နောက်​ ကောင်းသည်ဟု ခံစားရသော skinအချို့ကိုလည်း ရွေးချယ်လိုက်သေ၏။ ကြိုတင်ပြင်တင်မှုများအားလုံး ပြီးသွားမှသာ သူတို့နှစ်ယောက်က အဖွဲ့ဖွဲ့ပြီး စတင်ကာ အဆင့်တက်သည်။

ချီရှို့က ယဲ့ရှောင်းယန်ကို မေးသည်။

"ဘယ်heroကို အရင်ဆုံးလေ့ကျင့်ချင်လဲ"

"ငါတော့ ဖျက်ဆီးခြင်းမှော်ဆရာကိုပဲ ရွေးချယ်လိုက်မယ်"

"ဒါဆိူလည်း ငါက တော်ဝင်သူရဲကောင်းနဲ့ အဖော်ပြုပေးမယ်"

ဖျက်ဆီးခြင်းမှော်ဆရာ၏ ultက အနက်ရောင် မြူအဖြစ် လခြမ်းကွေးပုံစံရှိသော ဓားသွား၆စင်းကို ပစ်လွှတ်နိုင်သည်။ ဒါက မှော်damageကို အများကြီးသက်ရောက်စေ၏။ ထိုမှော်ဆရာက ကစားသမား၏ စွမ်းရည်ကို စမ်းသပ်စစ်ဆေးနေခြင်း ဖြစ်သည်။ ထိုကစားသမား သူတို့၏ တိုက်ကွက်နှင့်အတူ အရှိန်နှုန်းမြှင့် hitထိအောင် ထိန်းလိုက်နိုင်ခြင်းရှိမရှိ စမ်းသပ်စစ်ဆေးမှုလည်း ဖြစ်သည်။ ထို့အပြင် အရင်းမြစ်ပေါင်းများစွာဖြင့် အားဖြည့်ပေးရဦးမည်ဖြစ်သည်။ သူ၏ ဂီယာက လုံလောက်အောင် မကောင်းမွန်လျှင် မြူထဲမှ ဓား၆စင်းက ရန်သူကို အကုန်အစင် ထိမှန်သွားလျှင်ပင် အယားပင်ပြေစေဦးမည်မဟုတ်ချေ။ ဖျက်ဆီးခြင်းမှော်ဆရာက သင့်တော်သော ဂီယာဖြင့်သာ တပ်ဆင်ပြီးသွားပြီဆိုလျှင် ရန်သူကို ချက်ချင်းလိုလို သတ်နိုင်မည်ဖြစ်သည်။

တော်ဝင်သူရဲကောင်းက junglerအဖြစ် ကစားသောအခါ အပြာရောင် buffကို မလိုအပ်ခဲ့ချေ။ ယဲ့ရှောင်းယန်က ထိုbuffကို ယဲ့ရှောင်းယန်ကိုပေးသည်။ ထို့နောက်သူက သူ၏ taurtကို ရန်သူတိုင်းကို ရှင်းလင်းရန် ထုတ်သုံးလိုက်ပြီး ယဲ့ရှောင်းယန်၏ ultကို မွမ်းမံခိုင်းလိုက်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now