Part 90

886 143 2
                                    

အပိုင်း (90)

ထျန်းဟွမ်က BOBကို 2-0ယူလိုက်နိုင်သော ရလဒ်က လူတိုင်းခန့်မှန်းထားပြီးသား ဖြစ်လေသည်။ BOBက group b၏ အောက်ပိုင်းတွင် ဖြစ်နေလေ၏။ ထျန်းဟွမ်ကသာ BOBကိုပင် မနိုင်နိုင်လျှင် သူတို့က ပွဲစဥ်တစ်ခုလုံးထံမှ အထုတ်ပယ်ခံရရန် အဆင်သင့် ပြင်ထားပြီဟုပင် သတ်မှတ်နိုင်နေလေပြီ။

ယဲ့ရှောင်းယန်က ပထမတစ်ပွဲတွင် မျက်စိကျိန်းမတတ် တောက်ပသော ၁၂ကြိမ် kills ယူထားနိုင်သောအတွက်ကြောင့် mvpရသွားသည်။ ဒုတိယတစ်ပွဲတွင် ရန်သူကစားသမား ၅ယောက်လုံးက ဝိုင်းကာ အသတ်ခံရခဲ့သည့်တိုင်အောင် သူက ၁၂ကြိမ်တိုင်တိုင် ထောက်ပံ့ပေးနိုင်ခဲ့၏။ သူ၏ ပါဝင်ယှဥ်ပြိုင်ခဲ့သော နှုန်းထားက ၁၀၀%အပြည့်ဖြစ်သည်။ ထို့အပြင်သူက တိုက်ခိုက်မှုအများဆုံး ဖြန့်ဝေပေးနိုင်ခဲ့သော ကစားသမားလည်း ဖြစ်နေသေးလေသည်။ ထို့ကြောင့်သူက mvpကို တစ်ကြိမ်ထက်ပိုရသွားသည်။

ဂိမ်းပြီးနောက် အင်တာဗျုးအတောတွင်း သတင်းထောက်က စိတ်လှုပ်ရှားစွာ နှုတ်ဆက်သည်။

"ငါတို့ရဲ့ အင်တာဗျူးစင်မြင့်ကနေ ကြိုဆိုပါတယ် လဲ့ယန်"

ယဲ့ရှောင်းယန်က ယဥ်ကျေးစွာဖြင့် သတင်းထောက်ကို ခေါင်းညိတ်ပြသည်။

သတင်းထောက်က ဆက်ပြောသည်။

"မင်းဒီနေ့ ၂ပွဲကစားတာမှာ ၂ပွဲလုံး mvpရသွားတယ်၊ မင်းအနေနဲ့ အရင်ပွဲစဥ်တွေမှာဆိုရင် တစ်ပွဲမှာပဲ mvp ယူနိုင်ခဲ့တာမဟုတ်လား၊ လက်ရှိအချိန်မှာမင်းက mvp ၃ကြိမ်ဆက်တိုက် ရသွားပြီ၊ ဒီတော့ ဒီ leagueတစ်ခုလုံးရဲ့ ဒီ seasonမှာ mvpအရထားဆုံး ကစားသမားတစ်ယောက် ဖြစ်သွားပြီ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး လူတိုင်းကို ပြောချင်တာများ ရှိနေမလား"

Seasonတစ်ခုအတွင်း leagueက အမျိုးမျိုးသော လုပ်ဆောင်မှုဘွဲ့ထူးများကို ထုတ်ပြန်ပေးလေ့ရှိသည်။ ဥပမာအားဖြင့် killအများဆုံး ယူသူ၊ အထောက်အပံ့အများဆုံး ပေးသူ သို့မဟုတ် တစ်မိနစ်ချင်းစီတိုင်း ရွှေအများဆုံး ရထားသူ အစသဖြင့်ဖြစ်သည်။ mvpရသော အရေအတွက်ကလည်း ကစားသမားများအတွက် သိသာထင်ရှားသော အဆင့်အတန်းတစ်ခု ဖြစ်နေသေးလေသည်။ အထူးသဖြင့် အလားတူဂုဏ်ပုဒ်များအကြားတွင် အရေးပါဆုံးတစ်ခု ဖြစ်နေ၏။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now