Part 75

1K 140 0
                                    

75 01

အပိုင်း (75)

ယဲ့ရှောင်းယန်နှင့် ချီရိီု့တို့က သူတို့၏ streaming ပလတ်ဖောင်းနှင့် စာချုပ်ပါ အချက်အလက်များကို ညှိနှိုင်းမှုပြီးနောက် ထျန်းဟွမ်၏ အခြေစိုက်စခန်းသို့ ပြန်သွားသည်။ ထိုရက်ကမူ ဒီဇင်ဘာ၁၅ ဖြစ်နေလေပြီ။

ကမ္ဘာ့ချန်ပီယံရှစ်ပ် top 8ကြားမှ ပြိုင်ပွဲက စတင်လေပြီ။

၁၆ရက်နေ့တွင် ကျင်းကျယ်က ကိုရီးယားဘက်မှ team ATBနှင့် ရင်ဆိုင်ရသည်။ team ATBက ထိုနှစ် ကိုရီးယားဘက်မှ ချန်ပီယံဖြစ်ပြီး သူတို့က ကမ္ဘာ့ချန်ပီယံရှစ်ပ်စင်မြင့်တစ်ခုလုံး၏ singleဂိမ်းပွဲများသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခဲ့ပြီး တစ်ပွဲမှ မရှုံးခဲ့ဘဲ top8သို့ တိုက်ရိုက် တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာရှိ လူတိုင်း၏ အမြင်တွင် ကမ္ဘာ့ချန်ပီယံရှစ်ပ်စင်မြင့်ပေါ်တွင် သူတို့က အင်အားအကြီးဆုံး ဖြစ်နေသည်။

၁၇ရက်နေ့တွင် ပင်းဟွန်းက မြောက်အမေရိကဘက်မှ team FLTနှင့် ရင်ဆိုင်ရသည်။ team FLTကလည်း မနှစ်က ကမ္ဘာ့ချန်ပီယံရှစ်ပ်ဖလားကို ရရှိခဲ့သည့် အသင်းဖြစ်သည်။ သူတို့က မြောက်အမေရိကဘက်တွင် အင်အားအကြီးဆုံးအသင်း ဖြစ်နေသေးပြန်သည်။

ကျင်းကျယ်ပင်ဖြစ်စေ ပင်းဟွန်းပင် ဖြစ်စေ အရှေ့တွင် ရှိသော အနာဂတ်ကြီးက ကျဥ်းမြောင်းနေခြင်း မရှိချေ။

ပြည်တွင်းရှိ ပရိသတ်များကလည်း ပွဲစဥ်၏ အချိန်ဇယားကို မြင်လိုက်သောအခါ သူတို့၏ ခေါင်းပေါ်တွင် တိမ်မည်းများက စုပုံလာသည်။ တချို့ပရိသတ်များကဆိုလျှင် ထိုပွဲများကို မကြည့်ရဲတော့ချေ။ သူတို့၏ အကြိုက်ဆုံး အသင်းများက ပြည်ပအသင်းထံ ရှုံးသွားမည့် အရေးကို စိုးရိမ်နေကြသည်။

ဒီနှစ် ကမ္ဘာ့ချန်ပီယံရှစ်ပ်က ပဲရစ်တွင် ကျင်းပမည်ဖြစ်ပြီး တရုတ်နှင့် အချိန် ၇နာရီ ကွာသည်။

ပဲရစ်တွင် ဒီဇင်ဘာ၁၆ရက်နေ့ည ၁၉နာရီဆိုလျှင် တရုတ်တွင် မနက်၂နာရီ ဖြစ်နေလေပြီ။

ကျင်းကျယ်နှင့် ATBကြားမှ ပွဲက စတင်သည်။

နည်းပြလင်းကလည်း ထျန်းဟွမ်ကစားသမားများကို အစည်းအဝေးခန်းထဲသို့ ခေါ်ပြီး ဖန်သားပြင်ကြီးချဲ့ကာ ကြည့်ကြသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးМесто, где живут истории. Откройте их для себя