Part 22

1.5K 245 4
                                    

အခန်း (၂၂)

နေရှင်နယ်အဆင့် ဆိုသည်မှာ လူပေါင်းများစွာက မရနိုင်သောအရာဖြစ်သည်။ သို့သော် ပရိုကစားသမားအတွက်ကမူ စိန်ခေါ်မှုပင် မဟုတ်တော့ချေ။ ပရိုကစားသမားများက နေရှင်နယ်အဆင့်ထံ ပုံမှန်အားဖြင့် မလာကြချေ။ သို့သော် ထိုသို့မလာသည်မှာ သူတို့တွင် အချိန်မရှိသောကြောင့် ဖြစ်သည်။

နေ့တိုင်းလိုလို သူတို့သည် Skill နှင့် နည်းစနစ်များကို လေ့ကျင့်နေရပြီး ဂိမ်းပွဲအဟောင်းများကိုလည်း ပြန်လည်သုံးသပ်နေရသေးသည်။ ပြိုင်ဘက်များကိုလည်း လေ့လာနေရသည်။ ထိုသို့ဖြင့် လေ့ကျင့်ရေးပွဲစဉ်များကိုလည်း ဆက်တိုက် ကစားနေရသေးသည်။

သူတို့က သူတို့ရဲ့ဟီရိုးတွေကို အဆင့်တက်ပွဲစဉ် ရာကျော် ထောင်ကျော် အချိန်ပေး သွားဆော့နေလို့ ဘယ်လို အားနေမှာလဲ။

သူ၏ယခင်ဘဝတွင် ယဲ့ရှောင်းယန်က ဟီးရိုးပေါင်းများစွာကို ကစားခဲ့သည်။ သို့သော် မည်သည့်ဟီးရိုးနှင့်မျှ နေရှင်နယ်အဆင့် မတင်ခဲ့ချေ။ နေရှင်နယ်လီဒါဘုတ်သို့ ဝင်ရောက်သော ကစားသမားအများစုက Streamer များ ဖြစ်သည်။ Streamer များက အဆင့်တက်ပွဲစဉ်များကို ကစားရန် အချိန်အများကြီး သုံးနိုင်ကြသလို သူတို့၏ တိုက်ပွဲစွမ်းအားကို မြင့်တင်နိုင်ကြသည်။ နေရှင်နယ်အဆင့် ဝင်သွားလျှင် Streamer များက သူတို့၏ချန်နယ်ကို ကြော်ငြာနိုင်ပေလိမ့်မည်။ သို့ရာတွင် ယဲ့ရှောင်းယန်၏ ယခင်လောကဟောင်းမှ လူအများစုကမူ ယဲ့ရှောင်းယန်က သူသဘောကျသော ဟီးရိုးများနှင့်ဆိုလျှင် အတော်ဆုံး ကစားသမားအဖြစ် သိကြသည်။

သည်လောကတွင် သူက ပရိုကစားသမားတစ်ယောက် မဖြစ်လာသေးချေ။ ထို့ကြောင့် သူ့တွင် အချိန်အများကြီး ရှိနေသေးသည်။ ယဲ့ရှောင်းယန်က အိမ်သို့ ကားငှားကာ ပြန်လာပြီးနောက် အခန်းထဲသို့ ဝင်သည်။

ရှောင်ရွေ့က ချက်ချင်း အပြေးလာပြီးနောက် မေးသည်။

"ကော ဘယ်လို ဖြစ်သွားလဲ သူတို့နဲ့ အားလုံး ဆွေးနွေးခဲ့လား"

ရှောင်ပိုင်လေးက တမြောင်မြောင်အော်လျက် အပြေးလာကာ ယဲ့ရှောင်းယန်၏ ဘောင်းဘီခြေထောက်နားကို ပွတ်သပ်လာသည်။ ထိုကြောင်လေးကလည်း သူက အမဲလိုက်ပြီး ပြန်လာသည်ဟု ထင်နေလားမသိ၊ အရသာရှိသော စားစရာကို စားရတော့မည်ဟု ထင်နေဟန်ရသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWaar verhalen tot leven komen. Ontdek het nu