Part 47

1.2K 219 2
                                    

47 01

အပိုင်း (၄၇)

ညနေ ၆နာရီခွဲကျော်တွင် ကားက ထျန်းဟွမ်အခြေစိုက်စခန်းသို့ ရောက်သွားသည်။

ထျန်းဟွမ်က အလဟဿနာမည်ကြီးအသင်း ဖြစ်နေခြင်း မဟုတ်ချေ။ သူတို့က ခမ်းနားသော သုံးထပ်အဆောက်အဦးကြီးကိုပင် အခြေစိုက်စခန်းအဖြစ် ပြုထားသည်။ အခြေစိုက်စခန်းဝန်းကျင်မှ အနေအထားကလည်း အလွန်ပင် ကောင်းမွန်သည်။ သိမ်မွေ့သော နေရာတွင် လူများမနက်ခင်း လေ့ကျင့်ခန်းလုပ်ကာ ခုန်ဆွခုန်ဆွပြေးနိုင်သော အုံးဆိုင်းသော အပင်လေးကို ကျော်ဖြတ်ထားသည့် အရိပ်ရ လျှောက်လမ်းငယ်ပင် ရှိနေသေးသည်။ ထိုထက် ထပ်ဆင်းချသွားမည်ဆိုလျှင် ပန်းခြံရှိသည်။ အမှန်တိုင်းဆိုရသော် ထိုအဆောက်ဦးက team ထျန်းဟွမ် esport ကလပ် ဟူ၍သာ ဆိုင်းဘုတ်မတပ်ထားလျှင် ဒီအတိုင်း အငြိမ်းစားနေထိုင်သူ တစ်ယောက်၏ အိမ်ဟုပင် ထင်မိနိုင်သည်။

အဟမ်း။ ဒီလိုနေရာမျိုးက လောကကနေအဆက်သွယ်ဖြတ်ပြီး ​ငြိမ်း​ငြိမ်းချမ်းချမ်းနေဖို့ အနားယူတာ ပိုကောင်းတယ်။

ဒါပေါ့။ ဒီလိုနေရာမျိုးမှာ esport အ​ခြေစိုက်စခန်းလုပ်တာက ပိုပြီးတော့တောင် ကောင်းသေးတာပေါ့။

ဒီအနီးနားတွင် ဖျော်​ဖြေရေးနေရာ အများကြီး မရှိသောကြောင့် ကစားသမားက အပြင်ထွက်ပြီး တစ်ချိန်လုံး ပျော်ပါးနေတော့မည် မဟုတ်ချေ။ ဒီလိုဝန်းကျင်က သူတို့ကို လေ့ကျင့်မှုတွေနဲ့ အကောင်းဆုံးအာရုံစိုက်ရန် အခွင့်အရေး ပေးထားသည်။ ဤနည်းအားဖြင့် သီးသန့်ခွဲခြားခိုင်းလိုက်သလို လေ့ကျင့်ခိုင်းလိုက်ခြင်းအားဖြင့် သက်ရောက်မှုအရှိဆုံး ရလဒ်ကို ထုတ်ပေးလိုက်နိုင်ပေလိမ့်မည်။

ယဲ့ရှောင်းယန်က ဌာနချုပ်၏ တံခါးတွင် တစ်ခဏခန့် ရပ်လိုက်သည်။ သူကလည်း ချီရှို့က သူ၏ ခရီးဆောင်အိတ်ကို ကားနောက်ဖုံးမှ ဆွဲထုတ်လိုက်ကြောင်း မြင်လိုက်ရသည်။ အခြားလက်ဖြင့် ကြောင်သေတ္တာလေးကို ကိုင်ထားသော ချီရှို့က ပြောသည်။

"အရင်ဆုံးဝင်ပြီး မင်းရဲ့ပစ္စည်းတွေကို ချပြီးမှ ကျန်တာတွေလုပ်ရအောင်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now