Part 98

729 131 10
                                    

အပိုင်း (98)

ချီရှို့ကမူ ယဲ့ရှောင်းယန်၏ မွေးနေ့ကို မမေ့ချေ။

ယဲ့ရှောင်းယန်၏ ကိုယ်ရေးအချက်လက်များကို ကလပ် စာရင်းသွင်း formထဲတွင် ချရေးထားပြီးသား ဖြစ်သည်။ ချီရှို့ကလည်း ချန်းရှင်းနှင့် ထန်းခန်းတို့ ခပ်တိုးတိုးပြောနေသော မွေးနေ့ဆိုသည့် စကားကိုလည်း ကြားလိုက်သည်။

ထို့ကြောင့် သူတို့၏ အဆောင်ခန်းသို့ ပြန်ပြီးနောက် ချီရှို့က အိပ်ခန်းထဲသို့ဝင်ကာ တံခါးပိတ်လိုက်ပြီး ကွန်ပျူတာကိုဖွင့်ကာ ရှာဖွေသည်။

သူ ယဲ့ရှောင်းယန်ကို ဘယ်လိုလက်ဆောင်မျိုး ပေးသင့်လဲ။

ချီရှို့ကမူ ထိုကိစ္စနှင့်ပတ်သက်ပြီး အတော်လေး ဖိအားများသွားသည်။

သူအရင်က မည်သူ့အတွက်မှ မွေးနေ့လက်ဆောင် မပြင်ဖူးဘူး။

ယဲ့ရှောင်းယန်က အတော်လေး ချမ်းသာနေပြီဖြစ်သည်။ ထျန်းဟွမ်မှ ၅သန်းကလည်း သူ၏ ဘဏ်အကောင့်ထဲသို့ ရောက်နေသည်မှာ ကြာပြီဖြစ်၏။ ယဲ့ရှောင်းယန်က တစ်စုံတစ်ရာ လိုအပ်လျှင် သူကိုယ်တိုင် ဝယ်နိုင်သည်။ သို့သော် သူကိုယ်တိုင်အတွက် ပစ္စည်းကို ဝယ်ခြင်းနှင့် အခြားတစ်ယောက်ဆီမှ ရခြင်းက မတူသော ကိစ္စနှစ်ရပ်ဖြစ်သွားသည်။ ချီရှို့ကလည်း ယဲ့ရှောင်းယန်အလိုအပ်ဆုံး တစ်စုံတစ်ရာကိုသာ လက်တွေ့ကျကျ ပေးရန်ဆုံးဖြတ်လိုက်သည်။

ချီရှို့က ဂရုတစိုက် တွေးတောကြည့်ပြီးနောက် ရွေးချယ်မှုများကို ထုတ်ကြည့်သည်။

လတ်ဆတ်တဲ့ပန်းတွေ ဒါမှမဟုတ် အနုပညာဆန်တဲ့ အလှဆင်ပစ္စည်းတွေ ဒါတွေတော့ ထားလိုက်ပါတော့။ တစ်ချက်ကြည့်ရုံနဲ့တင် ယဲ့ရှောင်းယန်က ဒီလိုပန်းအလှဆင်တာမျိုးတွေ၊ အနုပညာပစ္စည်း အလှဆင်တာမျိုးကို သဘောကျတဲ့ အိုမီဂါမျိုးမှ မဟုတ်တာ။

အဝတ်အစား၊ ခါးပတ် အစသဖြင့်တွေကလည်း အရမ်းကို ရင်းနှီးနီးကပ်လွန်းရာ ကျတယ်။ ချီရှိ့အနေနဲ့ ယဲ့ရှောင်းယန်ကို ဒီပစ္စည်းတွေ နောက်မှပေးလည်း နောက်မကျသေးပါဘူး။

ချီရှို့ကမူ မူလက ယဲ့ရှောင်းယန်ကို လက်တော့ပ်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် သူတို့ကို မြွေနဂါးအဖွဲ့က တစ်လုံးစီပေးလာပြီးလေပြီ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now