Part 92

927 150 4
                                    

အပိုင်း (92)

မျှော်လင့်ထားသည့်အတိုင်း teamယောင်ကွမ်းက အနိုင်ရသွားပြီးနောက်တွင် onlineတွင် အမျိုးမျိုးသော ဆောင်းပါးများက ပေါ်လာသည်။ ခေါင်စီးပိုင်းများကမူ-

လူသစ်maskman ရန်ကျွင်းယွီက ပွဲဦးထွက်ဂိမ်းပွဲမှာတင် penta killယူလိုက်ပြီး နတ်ဘုရားနယ်မြေကို တက်လှမ်းသွားပြီ၊ season10 ရဲ့ နတ်ဘုရားအသစ်က မွေးဖွားလာတော့မယ်။

YG ယွီမောင်းက ပွဲဦးထွက် ဂိမ်းပွဲမှာ penta killယူသွားတယ်၊ သူ့အတွက် နာမည်တစ်ခုရအောင် လုပ်လိုက်နိုင်ပြီ။

မည်သူကမဆို တစ်ချက်ကြည့်ရုံဖြင့် ထိုဆောင်းပါးများကို ကြိုတင်ရေးထားပြီးကြောင်း သိနိုင်လေသည်။ ချီရှို့နှင့် နည်းပြလင်းတို့ကလည်း ခန့်မှန်းခဲ့ကြသည်မှာ မှန်ကန်သည်။ ယောင်ကွမ်းက သူတို့၏ ကိုယ်ပိုင်အသင်းထဲမှ နတ်ဘုရားအသစ်တစ်ပါးကို နာမည်ကြီးအောင် လုပ်ပေးလိုနေသည်။

ယောင်ကွမ်းက စီးပွားရေးနောက်ခံ အလွန်တောင့်သည့် ကြွယ်ဝသော အသင်းတစ်သင်းဖြစ်သည်။ သူတို့က media ခေါင်းစီးပိုင်းများကို ဝယ်ယူရန် ပိုက်ဆံအများကြီး သုံးထားခြင်း ဖြစ်ရပေမည်။ သူတို့က နာမည်ကြီးစေတဲ့ အသစ်ကလည်း အတော်လေး အင်အားကြီးနေပြီးသား ဖြစ်သည်။ သူက penta killကို ယူထားပြီးကတည်းက သူတို့က ဒီအခွင့်အရေးကို အရသုံးပြီး သူ့ကို နာမည်ကြီးအောင် ကြိုးစားရပေမည်။

သိပ်မကြာခင် စစ်နတ်ဘုရား၏ စစ်ပွဲ official sociap media accများက ဒီနေ့ ဂိမ်းပွဲများ၏ highlight relsများကို တင်လာသည်။

စစ်နတ်ဘုရား၏ စစ်ပွဲမှတင်သော ထို hoghlight relsများက ပြိုင်ပွဲရှိသည့် အချိန်တိုင်းလိုလို တင်ခြင်းဖြစ်သည်။ သို့သော် ဒီနေ့relကမူ အလွန်လျင်မြန်စွာ ထွက်လာခဲ့သည်။ နာရီဝက်အတွင်း မျှဝေသူ သောင်းကျော်ပြီး ထိုအကြောင်းအရာက ချက်ချင်းလိုလို trending ဝင်သွားသည်။

ထိုသို့​ဖြင့် comment ကဏ္ဍတွင်လည်း အတော်လေး ရှုပ်ထွေးသွားသော လေထုအ​ခြေအနေသို့ ရောက်ရှိသွားသည်။

[ရှဲ့ဝေ့ယွီက အသင်းပြောင်းသွားတာ မအံ့သြတော့ပါဘူး၊ maskman အသစ်က သူ့ထက်ပိုပြီး အင်အားကြီးနေတာကိုး]

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now