Part 102

702 126 5
                                    

အပိုင်း (102)

ယွဲ့ယင်၏ အဓိက dpsက သေသွားပြီး သူတို့၏ topနှင့် middle minionများက ရှင်းလင်းခံရပြီးသား ဖြစ်သည်။ သူတို့အတွက် ထျန်းဟွမ်၏ ခုခံရေးမျှော်စင်မှ 4v5 အနေအထားမျိုးနှင့် tankဝင်ယူကာ damageအရယူရန် မဖြစ်နိုင်ချေ။ ရွှီကျိုးက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် အမိန့်ထုတ်သည်။

"နောက်ဆုတ်ကြမယ်"

ရှဲ့ဝေ့ယွီကလည်း သူတို့၏ သလင်းအခြေစိုက်စခန်းမှ ပြန်လည်ပေါ်ထွက်လာမည့်အချိန်ကို စောင့်နေခြင်း ဖြစ်သည်။ သူက လက်ဦးမှုယူကာ ပြောသည်။

"စိတ်မကောင်းပါဘူး ငါ့အမှားပါ"

ရွှီကျိုးက မနေနိုင်ဘဲ ပြန်ငြင်းသည်။

"မင်းက မှားတယ်ဆိုတာ ဘာကိုပြောချင်တာလဲ၊ အဲဒီကပ်ဘေး၂ကောင်က တစ်​​ယောက်ယောက်အပေါ် အာရုံစိုက်လိုက်တာနဲ့ နတ်ဘုရားတောင် မလွတ်နိုင်တော့ဘူး"

ရှဲ့ဝေ့ယွီက တိတ်ဆိတ်သွားသည်။

ထိုစကားက မှန်သည်။ ချီရှို့နှင့် ယဲ့ရှောင်းယန်တို့က ကြောက်စရာကောင်းသည့် နားလည်နိုင်စွမ်းအား ရှိနေကြသည်။ သူတို့ ၂ယောက်က မျက်တောင်တစ်ခတ်အချိန်အတွင်း ရှဲ့ဝေ့ယွီ၏ အနောက်သို့ ရောက်လာခဲ့ပြီး 0.1 စက္ကန့်အတောတွင်း killing skillများကို ထုတ်သုံးသွားကြသည်။ သူတို့၏ ဦးနှောက်အားလှိုင်းများကပင် အချိုးညီစွာ လှည့်ပတ်နေကြခြင်း ဖြစ်သည့်အလျောက် တစ်ယောက်တည်းက hero ၂ခုသုံး၍ ကစားနေသည်ဟုပင် ထင်မိစေလောက်သည်။

ရွှီကျိုးက တစ်ခဏခန့် တွေးတောကာ ပြောသည်။

"သူတို့ရဲ့ line upက တော်တော်လေးကို စိတ်အချဥ်ပေါက်စရာပဲ၊ သူတို့က mid/jungleအတွဲသုံးပြီး လျှောက်သွားမှာကို ငါတို့ ခွင့်ပြုထားလို့ မရဘူး၊ ရှောင်ယွီမင်း ပြန်မွေးလာပြီးတဲ့နောက်မှာ အောက်ခြေလမ်းကျဥ်းက minionတွေကို သွားရှင်းလိုက်၊ အဲဒီနောက် ချက်ချင်းဆိုသလို အလယ်လမ်းကျဥ်းကိုသွား၊ ငါတို့က မျှော်စင်ကို အားသုံးပြီး ဖြိုကြမယ်"

ပြန်လည်ရှင်သန်လာပြီးနောက် ရှဲ့ဝေ့ယွီက အောက်ခြေလမ်းကျဥ်းသို့ ချက်ချင်းဆိုသလို ချောမွေ့စွာ ပြန်ရောက်သွားသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးNơi câu chuyện tồn tại. Hãy khám phá bây giờ