Part 101

589 116 5
                                    

အပိုင်း (101)

ဂိမ်းပွဲက စတင်တော့မည်ဖြစ်သည်။ ထင်မြင်သုံးသပ်ချက် ပေးသူများကလည်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။

"ကြည့်ရှုသူ မိတ်ဆွေတို့၊ ဒီတစ်ပွဲရဲ့ ခန့်မှန်းsiteက တကယ်ကို စည်ကားနေပြီ၊ အားလုံးပဲ ရလဒ်ကို ခန့်မှန်းဖို့အတွက် အဓိက streaming ပလတ်ဖောင်းတွေမှာ စစ်ဆေးကြည့်လိုက်ကြပါဦး"

ခန့်မှန်းသော siteမှရသည့် digital currencyကို ingame skinနှင့် ဂိမ်း merchatiseများအဖြစ် လဲလှယ်၍ ရသည်။ ထို့ကြောင့် leagueမှ ပုံမှန်ကြည့်ရှုသူပေါင်းများစွာကလည်း သူတို့၏ ခန့်မှန်းမှုများနှင့် ပတ်သက်ပြီး အလွန်စိတ်အားထက်သန်ကြလေသည်။ တစ်ခါတရံတွင် သူတို့၏ ခန့်မှန်းသော ရလဒ်က မှန်သွားခဲ့သောအခါ ခန့်မှန်းကြေးများကို အများကြီး ရရှိတတ်လေသည်။ သို့သော် မှားယွင်းစွာ ခန့်မှန်းမိ၍ သုညဖြစ်သွားသော အကောင့်များလည်း ရှိသေးလေသည်။

ဒီနေ့ဂိမ်းပွဲအတွက် ခန့်မှန်းသော siteတွင် ထျန်းဟွမ်နှင့် ယွဲ့ယင်အပေါ် အနိုင်ရနိုင်သော အချိုးက တူညီနေသည်။

[ငါ ထျန်းဟွမ်ဘက်ကို တစ်သိန်းလောင်းတယ်၊ ငါဒီပေါ်မှာ အိမ်ပါရင်းထားရတာ၊ ဒီတော့ ထျန်းဟွမ် မရှုံးရင် ကောင်းမယ် ]

[ငါ ထျန်းဟွမ်ဘက်ကို ၅သောင်းနဲ့ ယွဲ့ယင်ဘက်ကို ၅သောင်း လောင်းထားတယ်၊ ငါရှုံးမယ်လို့ ထင်လား နိုင်မယ်လို့ ထင်လား^-^ ]

[မင်းတို့မှာ ပိုက်ဆံတအားများတာပဲ၊ ငါကတော့ အရင်တစ်သုတ်က ပြောင်သွားတယ်၊ ဒီတော့ ကြုံရာရထားတဲ့ နှစ်ရာပဲ ရှိတော့တယ် ]

ကြည့်ရှုသူများက ခန့်မှန်းမှုနှင့် လောင်းကြေးများအကြောင်း ဆွေးနွေးနေကြချိန်တွင် ဖန်သားပြင်တွင် ဂိမ်းက loading upနေပြီဖြစ်သည်။

ထင်မြင်သုံးသပ်ချက် ပေးသူတစ်ယောက်က ပြောသည်။

"ဂိမ်းက စတော့မယ်၊ အားလုံးပဲ ငါတို့ရဲ့ နှစ်သင်းလုံးကို ထောက်ပံ့ကြောင်း တစ်ကြိမ်ထပ်ပြီး ပြသလိုက်ကြရအောင်"

ထိုသို့ဖြင့် ပြဇာတ်ရုံကြီးအနှံ့ မိုးခြိမ်းမတတ် ကျယ်လောင်လွန်းသော နားကွဲမတတ် စူးရှသည့် အော်ဟစ်သံများ၊ အားပေးသံများက ပြည့်နှက်သွားသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးHikayelerin yaşadığı yer. Şimdi keşfedin