Part 81

1.1K 182 3
                                    

အပိုင်း (81)

ဂိမ်းပွဲက စတင်သည်။

NTG၏ ခေါင်းဆောင်က အသင်း၏ အသံchat roomမှတစ်ဆင့် လှမ်းပြောလိုက်သည်။

"ငါတို့ ထျန်းဟွမ်ရဲ့တောကို တိုက်ခိုက်တဲ့ အကြံနဲ့ပဲ ဆက်သွားဦးမယ်၊ ခေါင်းဆောင်ချီကို အားမပြည့်သွားစေနဲ့"

ဒီတစ်လှည့်တွင် ချီရှို့၏ hero လူရမ်းကားက ဂိမ်းအစောပိုင်းတွင် အတော်လေး အားနည်းသည်။ သို့သော် သူက ဂီယာအပြည့် ရလိုက်သည်နှင့် ထိန်းချုပ်နိုင်သည့် စွမ်းရည်၊ ရွေ့လျားနိုင်သည့် စွမ်းရည်အပြင် ပေါက်ကွဲထွက်နိုင်သော damageစကေးပေါင်း များစွာကို ပိုင်ဆိုင်လာမည်ဖြစ်သည်။ ထို့ကြောင့်သူက ရန်သူ များကို မျှော်စင်ထဲမှ မထွက်ရဲစေသည်အထိ အလွန်အမင်း ဖိအားပေးစွမ်းရည် ရှိသည်။

ထို့ကြောင့် NTGက တောထဲသို့ ဝင်ကာ အကြံအစည်ကို အကောင်အထည်ဖော်လျက် သူတို့၏ ထိန်းချုပ်မှာအောက်သို့ ရောက်စေမည်ဖြစ်သည်။ သူတို့က အကြံကိုပြောင်း၍ မရသေးချေ။ ထိုနားလည်သဘောပေါက်မှုကို အဖွဲ့ချုပ်ထဲရှိ အကွင်းတိုင်းက မျှဝေထားနိုင်ပြီးသား ဖြစ်သည်။

ဂိမ်း၏ interfaceက loading upလာသည်။ ဂိမ်းမှ ဗားရှင်းအသစ်က အစပိုင်းတွင် စက္ကန့်၉၀ အားလပ်ချိန်ရထားသဖြင့် NTG၏ ကစားသမား ၅ယောက်လုံးဟာ ထန်းထျင်းဟွမ်၏ တောထဲသို့ ကျူးကျော်ရန် ဆုံးဖြတ်ထားကြသည်။ သူတို့သည် မြစ်တောက်လျှောက် မြေပုံထဲတွင် မြင်နိုင်စွမ်းရည်ရအောင် အတူတကွ ကြိုးစားကြမည်ဖြစ်ပြီး ချီရှို့၏ အပြာရောင် buffကိုခိုးရန် ပန်းတိုင်ထားလိုက်ကြသည်။

ချွီကျန်းက ပထမဦးဆုံး သွားရောက်ခုခံသူ ဖြစ်သည်။ သူသည် ရန်သူအသင်း၏ ရွေ့လျားလှုပ်ရှားမှုကို မြင်လိုက်၏။ ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က ပိုင်နက်နယ်မြေ၏ ညာဘက်ခြမ်းမှ ပတ်ကာလာပြီး ရန်သူ၏ အပြာရောင် buffကို သွားခိုးရန် မြေပုံထဲကို ချောင်းကာ ကျော်ဖြတ်သည်။ နှစ်ဖက်လုံးက တစ်ခဏခန့်ကြာအောင် တွန်းလိုက်ဆွဲလိုက် ဖြစ်နေကြသည်။ အဆုံးတွင် NTGက အောင်မြင်စွာဖြင့် ချီရှို့၏ အပြာရောင် buffကို ဆွဲချလိုက်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးOnde histórias criam vida. Descubra agora