Part 56

1.3K 185 2
                                    

56 01

အပိုင်း (၅၆)

ဝံပုလွေနက်က ရုတ်ချည်းတိုက်ခိုက်မှု ထုတ်လွှတ်ရန် အလားအလာအကောင်းဆုံးသော လုက်ကြံသတ်ဖြတ်သူ heroဖြစ်သည်။ ချီရှို့က ထိုကဲ့သို့သော heroမျိုးကို အတော်လေး သဘောကျသည်။ ထိုကဲ့သို့သော heroမျိုးကို ကစားသော နည်းလမ်း နှစ်မျိုးရှိသည်။

တစ်နည်းက လူသားပုံသဏ္ဍာန်ဖြင့် စတင်ပြီး အဝေးမှ ရန်သူကို ခုန်အုပ်ကာ ကိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ အဖွင့်အကွက်က အမဲလိုက်ခြင်း moodကို အသက်သွင်းထားနိုင်မည်ဖြစ်ပြီး ဝံပုလွေနက်ကိုလည်း သူ၏ ဝံပုလွေပုံစံ တစ်ဖန်ပြန်ပြောင်းကာ စွမ်းအားကို ပိုမြင့်သွားစေလျက် ခုန်သည့်စွမ်းရည်ကို တိုးမြင့်သွားစေရင်း မည်သည့်heroမျိုးကိုမဆို ဒုက္ခိတဖြစ်​စေသည်အထိ ကိုက်ဆွဲနိုင်သည်။ ထို့အပြင် ထွက်ပြေးရန် ကြိုးစားသော အခြေအနေမျိုးတွင်ပင် လိုက်ဖမ်းနိုင်ဦးမည်ဖြစ်သည်။

ဒုတိယနည်းလမ်းကမူ ပြောင်းပြန်ဖြစ်သည်။ ဝံပုလွေပုံစံဖြင့် တိုက်ပွဲထဲသို့ ဝင်လိုက်ပြီး အနီးနားနေရာမှ ချောင်းကာ တိုက်ခိုက်ခြင်းဖြစ်သည်။ ရန်သူကို ဆွဲချပြီးသည်နှင့် ဝံပုလွေနက်က လူသားပုံသဏ္ဍာန်ပြန်ပြောင်းလိုက်ကာ ထွက်ပြေးသည့်ရန်သူကို လိုက်ဖမ်းခြင်း သို့မဟုတ် နောက်ဆုတ်ရန် ကြံစည်ခြင်းတို့ကို ရွေးချယ်နိုင်သေးသည်။ ထိုသို့ ရှေ့နောက်ပြောင်းလဲသော heroမျိုးကြောင့် ထိုheroကို ဖမ်းဆုပ်ရန် ခက်ခဲနေခြင်း ဖြစ်သလို ထင်ရခြင်းဖြစ်သည်။ ဒါက သတ်ဖြတ်ချင်းကို အလေးသာသော heroမျိုးဟု ယူဆ၍ ရနိုင်ပြီး အသင်းဖော်များထံမှ အထောက်အပံ့ကိုလည်း အလွန်မှီခိုရဦးမည်ဖြစ်သည်။ ထို့ကြောင့် သီအိုရီကျကျပြောရသော် သူ၏ အသင်းဖော်များကသာ ရန်သူများ၏ Healthကို ကျအောင် လုပ်ပေးလိုက်နိုင်သည်နှင့် ဝံပုလွေနက်က အကောင်းဆုံး အခွင့်အရေးကို ယူကာ သားကောင်ကို ခုန်အုပ်နိုင်မည် ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ဖျတ်လတ်တက်ကြွသော skillကို သုံးပြီး လေးယောက်ဆက်တိုက် killလုပ်နိုင်ဦးမည် ဖြစ်သည်။

ကံဆိုးသည်မှာ အဖြူအနက် ဝံပုလွေဘုရင်များ၏ comboက ကစားရန် ခက်ခဲလွန်းနေသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now