Part 40

1.5K 226 4
                                    

40 01

အပိုင်း (၄၀)

သူတို့၏ နောက်ဆုံး ရှုံးထွက်ပွဲစဉ်များကို ပြင်ဆင်ရန် အလို့ငှာ ထျန်းဟွမ်မှ ကစားသမားတိုင်းက ညနက်သည်အထိ မရပ်မနား လေ့ကျင့်နေခဲ့ရသည်။

ခေါင်းဆောင်ချီကိုယ်တိုင် လေ့ကျင့်မှုထဲ နှစ်မြှုပ်ထားခဲ့သည်။ သူက လေ့ကျင့်မှုကြောင့်သာ မဟုတ်လျှင် တရားဝင်ပွဲစဉ်တွင် တော်ဝင်သူရဲကောင်းကို ရုတ်တရက်ရလာသည့် အကြံကြောင့် ရုတ်တရက် ထုတ်ကာ သုံးလိုက်နိုင်မည် မဟုတ်ချေ။ သူက ထိုဟီးရိုးနှင့် အချိန်အကြာကြီး လေ့ကျင့်ထားပြီး၍ ဖြစ်သည်။ သူတို့က အဆုံးအဖြတ်ပွဲစဉ်တွင် တိုးနိုင်သည့် Line up ကို တွေးတောခြင်းအားဖြင့် ထပ်တလဲလဲ လေ့ကျင့်ထားခဲ့ခြင်း ဖြစ်သည်။

ဒါဆိုရင် ချီရှို့က ဘယ်အချိန်ကများ ရှောင်ပိုင်ကို ဆက်သွယ်ဖို့ အချိန်ရသွားတာလဲ။

နောက်ပြီး ရှောင်ပိုင်က ဘာလို့ ထျန်းဟွမ်ကို ဝင်မယ်လို့ သေချာနေရတာလဲ။

နည်းပြလင်းက ချီရှို့ကို အံ့အားသင့်မှု အပြည့်ဖြင့် ကြည့်လိုက်သည်။

"မင်း ဘယ်အချိန်က သူ့ကို ဆက်သွယ်လိုက်တာလဲ"

ချီရှို့ကလည်း တည်ငြိမ်စွာ ပြန်ဖြေသည်။

"ကျွန်တော် သူ့Streaming အခန်းထဲမှာ အရင်ဆုံး လက်ဆောင်တွေ ပို့ပေးခဲ့တယ်။ နောက်တော့.. သူ့ကို Fri အဖြစ် add လိုက်တယ်။ ကျင်းကျယ်နဲ့ ဟော်ဝမ်ပွဲစဉ်က ကြယ်မြို့ရဲ့ Esport စင်တာမှာ ကျင်းပတာ မဟုတ်လား။ အဲဒီအချိန်က ကျွန်တော် သူ့ကို ခန်းမကို ဖိတ်ခေါ်ခဲ့တာပဲ။ သူ့ကို ကြည့်ရှုသူတွေထဲမှာ တွေ့ခဲ့ပြီး အဲဒီရက်မှာပဲ သူ့ကို skill စမ်းသပ်ချက်ပွဲတွေအတွက် ခေါ်သွားခဲ့တာ။ အဲဒီအချိန်က ကျွန်တော်က ထျန်းဟွမ်ရဲ့ နည်းပြအဖြစ် ရုပ်ဖျက်ထားတာပဲ။ ဒါပေမဲ့ သူက ကျွန်တော်ရုပ်ဖျက်ထားတာကို လျင်လျင်မြန်မြန်ပဲ ပြန်သိသွားတယ်"

နည်းပြလင်းကမူ ဆွံ့အသွားလေသည်။

ချီရှို့က ထိုနေ့က အသင်းတစ်ဖွဲ့လုံးနှင့်အတူ လာမကြည့်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ချေ။ တစ်ယောက်က ချန်းရှင်းကို ထိုအကြောင်း မေးခဲ့သောအခါ ရှောင်ရှင်းကလည်း သူ့ဆရာက နေထိုင်၍ မကောင်းသောကြောင့် ဟိုတယ်တွင် စောင့်ရန်သာ ဆုံးဖြတ်ခဲ့သည်ဟု ပြောခဲ့သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now