Part 69

1K 167 2
                                    

69 01

အပိုင်း (၆၉)

ဂိမ်းပွဲက အလွန်လျင်မြန်စွာဖြင့် စတင်သည်။

FNO အသင်းက ထျန်းဟွမ်၏ အနီရောင် Buff ကို ခိုးရန် ကြံစည်ထားသည်။ သူတို့က ထျန်းဟွမ်၏ တောထဲသို့ သူတို့၏ အထောက်အပံ့၊ marksman၊ ဂျန်ဂဲလာနှင့် Mid-Laner လေးယောက်ပေါင်းကာ ကျူးကျော်လာသေးသည်။

ကိုယ်ရောင်ဖျောက်လူထွားက mana ဘားတန်း မပါသည့် ဂျန်ဂဲလာ ဖြစ်သောကြောင့် ချီရှို့အနေဖြင့် အနီရောင် Buffကိုသာ မှီခိုရမည် ဖြစ်သည်။ FNOကသာ ချီရှို့၏ အနီရောင် Buff ကို ဂိမ်းအစပိုင်းကတည်းက ခိုးသွားကတည်းက သူတို့အနေဖြင့် တောထဲတွင် ချီရှို့၏ Farm လုပ်နိုင်စွမ်းကို နှောင့်ယှက်လိုက်နိုင်မည် ဖြစ်ပြီး သူ့ကို အဆင့်မတက်အောင် ဖိနှိပ်လိုက်နိုင်ပေလိမ့်မည်။

FNO၏ နည်းပြကလည်း ထျန်းဟွမ်း၏ သူတို့အသင်းကို တည်ဆောက်ထားပုံက အမြဲတစေ ဂျန်ဂဲလာဖြစ်သည့် ချီရှို့ကိုသာ အဓိကထားတတ်ကြောင်း ပြောပြထားသည်။ တခြားသော ကစားသမားများက ခြိမ်းချောက်မှုမရှိဟု ဆိုသည်။

မစ်ချယ်က သူ၏အသင်းဖော်များကို ခေါ်ကာ အနီရောင် Buff ထံ လာသည်။ သူတို့က ထိုနေရာတွင် ရှိသော ချွီကျန်းနှင့် ချန်းရှင်းတို့နှင့် ပက်ပင်းတိုးသည်။ ချွီကျန်းကလည်း ရန်သူက လေးယောက်ဟီးရိုးအဖွဲ့ ဖြစ်ကြောင်း မြင်သောအခါ ချက်ချင်းလိုလို နောက်ဆုတ်ရန် ပြောသည်။ ချန်းရှင်းက အလွန်လျင်မြန်စွာဖြင့် တုံ့ပြန်ပြီး သူက ချက်ချင်း Flash သုံးကာ ထွက်ပြေးသည်။

ရန်သူ အထောက်အပံ့ စက်ဆရာသခင်က အဆင့်တစ်တွင် ထိန်းချုပ် Skill တစ်ခု ရှိထားသည်။ ထို့ကြောင့် သူကသာ သူ၏ စက်ဆရာ စစ်သားများကို သုံးပြီး ချန်းရှင်းကို မလှုပ်နိုင်အောင် လုပ်လိုက်နိုင်လျှင် ချန်းရှင်းကလည်း ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။ သည်နည်းအားဖြင့် လူကယ်ရန် သူ၏လက်ထဲတွင် သေသွားရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူက ဂိမ်းနောက်ပိုင်းတွင် သူ့စွမ်းရည်ကို နှောင့်နှေးကြန့်ကြာ သွားစေနိုင်ပေလိမ့်မည်။

ချက်ချင်းလိုလို ချီရှို့၊ ယဲ့ရှောင်းယန်နှင့် ချင်းယီကျူးတို့ သုံးယောက်ကလည်း ရန်သူ၏ တောထဲသို့ကျုးကျော်ပြီး အနီရောင် Buffကို သွားခိုးနေခြင်း ဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now