Part 28

1.4K 239 1
                                    


28 01

အခန်း (၂၈)

နှစ်ဖက်ကစားသမားများထံ လာရောက်သည့် ပရိသတ်များကို ရှောင်ရန် အလို့ငှာ ကစားပွဲများ အတောအတွင်းတွင် စင်နောက်ကို ကန့်သတ်ထားသည်။ ဝင်ပေါက်နှင့် ထွက်ပေါက်နှင့် ကန့်သတ်ချက်များကို သိသောသူများက ကစားသမားများ၊ နည်းပြများနှင့် ဒီခန်းမရုံမှ ဝန်ထမ်းများသာ ဖြစ်လေသည်။

လူအုပ်နှင့်အတူ လိုက်ထွက်လျှင် နာရီဝက်ခန့် ကြာပေလိမ့်မည်။ ထို့ကြောင့် ခပ်စောစော ထွက်နိုင်ရန် အခွင့်အရေး ရှိနေကတည်းက ယဲ့ရှောင်းယန်က ကြာကြာ တွေးတောမနေတော့ပေ။ သူက ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီးနောက် သူ့တိတိကို လှည့်ကြည့်လိုက်သည်။

"ရှောင်ရွေ့ သွားရအောင်"

အံ့အားသင့်မှု အပြည့်နှင့် ချင်ရွေ့က ထိုအခါမှသာ အသိပြန်ဝင်လာသည်။ သူက ခပ်မြန်မြန် သူ့ကောကော၏ အနောက်သို့ အမီလိုက်ပြီး ယဲ့ရှောင်းယန်၏ နားနားကပ်ကာ ခပ်တိုးတိုး ပြောသည်။

"ကော သူက လူလိမ်ဖြစ်နေမှာကို မကြောက်ဖူးလား။ တကယ်ပဲ သူနဲ့အတူ လိုက်သွားမလို့လား"

ယဲ့ရှောင်းယန်က ရယ်လျက် လှည့်ကြည့်သည်။

"ငါနဲ့ လာရှုပ်ရုံနဲ့ ဂိမ်းထဲမှာ လက်ဆောင် ၂၀၀ ကို လာပေးမယ် ထင်လား။ သူက ခေါင်းမကောင်းတဲ့ ပုံစံလည်း မပေါက်ပါဘူး"

ချင်ရွေ့ကမူ ယုံကြည်ရန် ခက်ခဲနေသေးသည်။

"ဒီတော့ သူက တကယ်ပဲ နည်းပြလား။ သူက ကောကို eSport ကစားသမား ဖြစ်စေချင်တာလား"

ယဲ့ရှောင်းယန်က ခေါင်းညိတ်သည်။

"အင်း.."

သူတို့ ပြောနေရင်းမှ နှစ်ယောက်သားက ချီရှို့၏ အနောက်မှ လိုက်ကာ စင်အနောက် မှောင်မည်းနေသော ထောင့်တစ်နေရာမှ တံခါးနေရာသို့ ဦးတည်သွားလိုက်ကြသည်။

ချီရှို့က အိတ်ကပ်ထဲမှ ကတ်တစ်ကတ်ကို ထုတ်လိုက်ပြီးနောက် စင်ဆာတွင် ကပ်လိုက်သည်။ အနက်ရောင်တံခါးက ပွင့်သွား၏။ သူက အထဲသို့ ဝင်ရန် အနည်းငယ် ငုံ့လိုက်ရသည်။ ထို့နောက်မှသာ ယဲ့ရှောင်းယန်ကို လှည့်ကြည့်ကာ ပြောသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWo Geschichten leben. Entdecke jetzt