Part 94

892 137 6
                                    

အပိုင်း (94)

ပထမတစ်ပွဲပြီးနောက် ၁၀မိနစ် နားချိန်ရသည်။ CYC၏ နည်းပြက ချက်ချင်းဆိုသလို အသင်း၏ အသံလုံခန်းထဲသို့ အပြေးသွားကာ ပြောသည်။

"အရင် ဂိမ်းတစ်ပွဲကတော့ ပြီးသွားပြီ၊ အားလုံးပဲ အတွေးမများကြနဲ့၊ မင်းတို့ရဲ့ စိတ်အခြေအနေကို ခပ်မြန်မြန် ထိန်းညှိကြ"

ကစားသမားတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာထားက အမျိုးမျိုးဖြစ်နေကြသည်။

မကြာခဏဆိုသလို ချီပွေ့သွားပြီး ထောင်ချောက်ထဲသို့ ပစ်ချခံရကာ အချိန်အများစုတိုင်းလိုလို အသတ်ခံနေရသည့် maskman၏ မျက်နှာကမူ အတော်လေး မသက်မသာ ​ဖြစ်နေလေသည်။

နည်းပြက သူ၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ထျန်းဟွမ်ရဲ့ မတ်တပ်ရပ်နေရုံနဲ့ အပြစ်ပေးခံရတယ်ဆိုတဲ့ စနစ်က တော်တော်လေးကို ရက်စက်ပြီး ပုံမှန်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့တွေသာ ဂရုတစိုက် တွေးကြည့်မယ်ဆိုရင် တောက်ပတဲ့ နတ်မိမယ်ရဲ့ စွမ်းရည်က ကစားသမားတစ်ယောက်ကို ရေတိုအတောအတွင်းပဲ သယ်သွားနိုင်တာကို သိရမှာပဲ၊ နောက်ပြီး ဒါက သံကြိုးနဲ့ရိတ်သိမ်းသူရဲ့ ချိတ်ကောက်ပဲဖြစ်ဖြစ်၊ နဂါးနက်သူရဲ့ကောင်းရဲ့ tauntပဲဖြစ်ဖြစ် တူညီနေတာပဲမဟုတ်လား၊ killတစ်ခုရဖို့အတွက် အဝေးကရန်သူကို နေရာရွှေ့ပြောင်းတဲ့ skillတွေပဲလေ"

"ဘာပဲ ဖြစ်ဖြစ် သူတို့က ဒီအတိုင်း လူတွေကို ဆွဲချဖို့ အထောက်အပံ့တစ်ယောက်ကို သုံးခဲ့တယ်၊ နောက် junglerက လူတွေကို ထိန်းချုပ်ပေးတယ်၊ ဒါက ပုံမှန်အတိုင်း အဖွဲ့လိုက်ထိန်းချုပ်တဲ့ စွမ်းရည်ပါပဲ၊ ထျန်းဟွမ်က ဒီ comboကို လေ့ကျင့်နေတာ ကြာလောက်ပြီ၊ ဒါကြောင့် ငါတို့က သူတို့ဆီမှာ ရှုံးသွားတာက သာမန်ပါပဲ၊ ငါတ်ို့ရဲ့ maskmanကသာ cleaseကို အချိန်မီ သုံးလိုက်နိုင်မယ်ဆိုရင် ငါတို့ရဲ့ အထောက်အပံ့ကလည်း တောထဲကို ကြိုတင်ဝင်ပြီး ထောင်ချောက်တွေကို စစ်ဆေးထားမယ်ဆိုရင် ဒီလိုအခြေအနေမျိုးက ဖြစ်လာမှာမဟုတ်ဘဲ သူတို့ ချောချောမွေ့မွေ့ မနိုင်မှာသေချာတယ်"

နည်းပြက ထိုစကားများကို ပြောသည်မှာ အရာအားလုံး၏ သက်သေက သိသာနေသော်လည်း သူ၏ ဂိမ်းအပေါ်ခွဲခြမ်းစိတ်ဖြာမှုက ကစားပြီးခါစ ကစားသမားများကို ပို၍သာ ခါးသည်းသော ခံစားချက်ကို ရသွားစေသည်။ သူတို့က ဂိမ်းပွဲတွင် ထိုသို့တောက်ပသော comboတစ်ခုကို တိုးမိသောအခါ ပုံမှန်အားဖြင့် အခြားတစ်ဖက်ထံ ရှုံးသွားသည်မှာ လက်ခံနိုင်သေးသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now