Part 70

1.2K 175 7
                                    

70 01

အပိုင်း (၇၀)

ဂိမ်းပွဲက အဆုံသတ်သွားပြီးနောက် FNOအသင်း၏ လေ့ကျင့်ရေးအခန်းက တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ စက္ကန့်အနည်းငယ် ကုန်လွန်ပြီးမှသာ နည်းပြTomက အသိပြန်ဝင်လာသည်။ သူက အရင်ဆုံး လင်းဖုန်းကို ဂိမ်း၏ Team Chat ထဲတွင် စာပို့သည်။

[ငါ ကော်ဖီ သွားသောက်လိုက်အုံးမယ်။ ငါတို့ မိနစ်နည်းနည်းလောက် နားလို့ ရမလား]

လင်းဖုန်းက ပြန်ဖြေသည်။

[ရတယ် ရတယ် ငါလည်း ကော်ဖီ သွားသောက်လိုက်မယ်]

နည်းပြနှစ်ယောက်လုံးက ယာယီအားဖြင့် သဘောတူညီလိုက်ကြသည်။

Tomက နောက်ပြန်လှည့်ကာ မေးသည်။

"ဘာဖြစ်တာလဲ မစ်ချယ် မင်း ဘယ်လို ဖြစ်ပြီး Solo kill ခံလိုက်ရတာလဲ"

မစ်ချယ်၏ ခေါင်းတစ်ခုလုံးက ??များ ပြည့်နေပြီးသား ဖြစ်သည်။ သူက ခေါင်းမော့ကာ နည်းပြကို ကြည့်သည်။

"ငါလည်း အဲဒါကို မေးချင်နေတာလေ။ မင်း ပြော‌တော့ ချွီကျန်းက ထိန်းချုပ်သူ အမျိုးအစား ဟီးရိုးတွေကိုပဲ ကစားတတ်ပြီး လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာတွေကို မကစားတတ်ဘူးဆို။ မင်းပြော‌တော့ ထျန်းဟွမ်က ဂျန်ဂဲလာ အဓိကထားတဲ့ အသင်းဆို"

Tom က ခေါင်းညိတ်လိုက်ပြီး ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ရေသွားသောက်သည်။

"ဒါက ငါ့ရဲ့ သတင်းတွေက ပြောတာလဲ"

သူတို့က Top-Laner ကလီးမန့်က ရိုးသားစွာဖြင့် မေးလာသည်။

"တရုတ်ဘက်က သတင်းတွေက မှားနေတာများလား"

မစ်ချယ်ကလည်း ဆံပင်ထဲသို့ လက်ထိုးထည့်ထားပြီး ကုတ်နေသည်။ သူက ယခုလေးတွင် သူ့ကို solo kill ယူသွားခဲ့သော Mid-Laner၏ ကစားဟန်ကို ပြန်ဖွင့်ကြည့်သည်။

နေမင်းမှော်ဆရာက အသူရာအရှင်သခင်နှင့် ထိပ်တိုက်တိုးခဲ့ခြင်း ဖြစ်သည်။ နေမင်းမှော်ဆရာက ဝန်းကျင်တိုအတောအတွင်း အနီးကပ်တိုက်ခိုက်ရာတွင် အားသာသော ဟီးရိုးမျိုး ဖြစ်သည်။ အသူရာအရှင်သခင်ကမူ အဝေးမှ လှမ်းတိုက်ခိုက်နိုင်သည်။ သူက သူ၏အရိပ်များကို မှီခိုပြီး တိုက်ခိုက်နိုင်သည်။ ထိုဟီးရိုးနှစ်ခုက ထိပ်တိုက် ရင်ဆိုင်သောအခါ အသူရာအရှင်သခင်က နေမင်းမှော်ဆရာက အနားမရောက်ခင် နေမင်းမှော်ဆရာကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။ သူ၏ဟီးရိုးနှင့်တွေ့ရသည့်တိုင် မစ်ချယ်အနေဖြင့် ကမ္ဘာအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသေးပြီး ကမ္ဘာတွင် အကောင်းဆုံး Mid-Laner ဆိုပြီး နာမည်နှစ်ခါ တွင်ထားဖူးသူ ဖြစ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now