Part 19

1.8K 266 5
                                    

အခန်း (၁၉)

ချီရှို့နှင့်အတူ အချိန်တစ်ခုကြာ နှစ်ယောက်တွဲ ဝင်တိုးနေပြီး ကိုးပွဲဆက်တိုက် အနိုင်ရရှိသွားပြီးနောက် ယဲ့ရှောင်းယန်က အချိန်ကို ကြည့်လိုက်လေရာ နေ့လည်၁၂ခွဲနေပြီ ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူက သူ၏အနည်းငယ် အကြောတက်နေသည့် လည်ကုတ်ကို ပွတ်ပြီးနောက် ကြည့်ရှုသူများကို ပြောလိုက်သည်။

"အားလုံးပဲ နေ့လည်စာ သွားစားကြပါတော့ ငါ ၂နာရီနားမယ်။ ညနေမှ ဆက်ပြီး ကြိုးစားကြတာပေါ့"

သူက Streaming အခန်းကို ထိုနေရာတွင် ရပ်တန့်ထားလိုက်ပြီးနောက် သူဌေးထံမှ လာသော သီးသန့်စာကို မြင်လိုက်ရသည်။

ဂျန်ဂဲလာနံပါတ်8: [ရှောင်ပိုင် မင်း အချိန်ပြည့် Streamer ဖြစ်ဖို့ ကြံစည်နေတာလား]

Streamer တစ်ယောက်နှင့် ကျွမ်းကျင် Esport ကစားသမားဆိုသော လမ်းကြောင်းက မတူသော သက်မွေးမှုလမ်းကျောင်း ဖြစ်သည်။ အားစိုက်ထုတ်သော အခြေအနေမျိုးကလည်း မတူညီချေ။ ချီရှို့က ရှောင်ပိုင်၏ပန်းတိုင်ကို မပြောနိုင်သေးချေ။ အကယ်၍ သူက Streamer တစ်ယောက် ဖြစ်ချင်သည်လား၊ သို့မဟုတ် ပရိုဘက်သို့ လိုက်မည်လား မသေချာသေးချေ။

ယဲ့ရှောင်းယန်က စနောက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ငါ လက်ရှိအချိန်မှာ မှော်ဆရာသုံးမျိုးကိုပဲ ကစားတတ်သေးတယ်။ ငါ့ဟီးရိုး Pool ကလည်း ရေဇလုံထက်တောင် တိမ်ပါသေးတယ်။ အသူရာအရှင်သခင်ကို နေရှင်နယ်လီဒါဘုတ်ကို ဝင်အောင် အရင်လုပ်လိုက်မယ်။ ပြီးမှ ဆက်တွေးကြတာပေါ့"

ထိုစကားကို ကြားသောအခါ ချီရှို့က အကြံပြုချက် ပို့လာသည်။

:[တကယ်တော့ ဟီးရိုးတွေကို လေ့ကျင့်ဖို့ ပိုမြန်တဲ့ နည်းလမ်းရှိတယ်]

ယဲ့ရှောင်းယန်က စိတ်ဝင်စားသွားသည်။

"အို.."

ချီရှို့: [စင်မြင့်ပေါ်တက်ပြီး 1v1 ကစားတာပဲ။ ဒါက ဟီးရိုးရဲ့ Skill တွေနဲ့ ကစားတဲ့စတိုင်ကို ရင်းနှီးကျွမ်းဝင်ဖို့ အမြန်ဆုံးနည်းလမ်းပဲ]

ယဲ့ရှောင်းယန်က တစ်ခဏခန့် စဉ်းစားကြည့်ပြီးနောက် သဘောတူသလို ခေါင်းညိတ်လိုက်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now