Part 68

1K 151 3
                                    

68 01

အပိုင်း (68)

တစ်ပတ်တာ အချိန်ကာလက ချောမွေ့စွာ ကုန်လွန်သွားသည်။ လင်းဖုန်းနှင့် နည်းပြ tomတို့ ချိန်းထားသော လေ့ကျင့်ရေး matchပွဲအတွက် အချိန်က နောက်ဆုံးတွင် ရောက်လာလေပြီ။ တရုတ်နှင့်မြောက်အမေရိကမှ အချိန်ကွာခြားချက်ကြောင့် လေ့ကျင့်ရေး ဂိမ်းပွဲက ၁၂နာရီတွင် စတင်သည်။

တရုတ်နိုင်ငံအတွက် ထိုအချိန်က နေလည်ဖြစ်သည်။ အမေရိကန် teamအတွက်ကမူ ညလယ်ဖြစ်သည်။ သူတို့က ဂိမ်း၂ပွဲ ကစားကြရမည်ဖြစ်ပြီး သာမန်အခြေအနေမျိုးတွင် တစ်ပွဲစီပြီးဆုံးအောင် လုပ်ရမည်ဟု ဆိုလိုသည်။ နှစ်ပွဲလုံးပြီးသွားသည်နှင့် ထျန်းဟွမ်၏ ကစားသမားများက နေ့လယ်စာ သွားစားရန် အချိန်ကိုက် ရောက်နေလောက်လေပြီ။ အမေရိကန် ကစားသမားများကမူ သွားအိပ်သင့်လောက်သည်။

နိုဝက်ဘာ၂၀၊ ၂၃..၃၀ မြောက်အမေရိက team FNOရဲ့ အခြေစိုက်စခန်း....

FNOဆိုသည်မှာ"Fear nowhere"ဆိုသော အဓိပ္ပါယ်ဖြစ်သည်။ ထိုအသင်းက အကြောက်အလန့်မဲ့သည်ဆိုသော အဓိပ္ပါယ်မျိုးဖြစ်သည်။ ထိုအသင်းက မြောက်အမေရိကဘက်မှ သက်တမ်းကြာရှည်ပြီဖြစ်ပြီး အင်အားကြီးမားသော အသင်းလည်း ဖြစ်သည်။ သူတို့က ကစားသော ပုံစံကလည်း နာမည်နှင့် ပြီးပြည့်စုံအောင် လိုက်ဖက်ညီသည်။ သူတို့က ကစားသောအခါ ကြောက်လန့်မှုကို မပြတတ်ချေ။ သူတို့ တိုက်ခိုက်သော ပုံစံကလည်း အလွန်အမင်း ကြမ်းတမ်း ခက်ထန်လွန်းသည်။

သူတို့၏ အကြမ်းတမ်းဆုံး ကစားသမားက သူတို့၏ midlanerဖြစ်သည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ midlanerတစ်ယောက်ပြီးတစ်ယောက်က ထိပ်တိုက်ရင်ဆိုင်သော ပုံစံမျိုးဖြင့် ဆက်တိုက်ကစားခဲ့ကြသည်။ သူတို့က ထိုသို့ ကစားသော ပုံစံကို အမွေဆက်ခံထားသလို ပြုမူခဲ့ကြသည်။ သူတို့က သူတို့၏ မှော်ဆရာများကို တိုက်ခိုက်ရေးသမားများ နည်းတူသုံးကာ ကစားကြသည်။ သူတို့က မည်သည့်စကေးမှ မရှိတော့သော အခါတွင်ပင် သာမန်တိုက်ကွက်များကို သုံးပြီး မှော်တုတ်တံကို ရမ်းလိုက်ရုံဖြင့် ရန်သူကို သေသည်အထိ ဆွဲသတ်သေးသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now