Part 97

682 117 3
                                    

အပိုင်း (97)

ကစားသမားများက လက်တော့ပ်နှင့် သူတို့ကြိုက်နှစ်သက်သော ပစ္စည်းများကို ရွေးချယ်ပြီးချိန်တွင် မြွေနဂါးအဖွဲ့မှ သူတို့အတွက် တာဝန်ယူပေးထားရသော ရွှီချီမန်က သူတို့ကို အဝတ်လဲခန်းသို့ ခေါ်သွားသည်။ မိတ်ကပ်ပညာရှင်များနှင့် စတိုင်လစ်များကလည်း သူတို့ကို ပို၍ကြည့်ကောင်းသွားအောင် ပြင်ဆင်ပေးရန် စောင့်နေကြလေပြီ။

သူတို့ကစားသော ဂိမ်းပွဲများတွင် မိတ်ကပ်လိမ်းရန် မလိုအပ်ခဲ့ချေ။ ထို့ကြောင့် သာမန်season ဂိမ်းပွဲစဥ်များအတောတွင်းတွင် ကစားသမားအများစုက ကင်မရာရှေ့တွင် မျက်နှာပြောင်နှင့် ရပ်နေကြလေသည်။ သူတို့က ပွဲစဥ်အစပိုင်းတွင် သူတို့၏ မျက်နှာကို စက္ကန့်အနည်းငယ်သာ ပြရန် လိုအပ်လေသည်။ ထို့​ကြောင့် ဘယ်သူကမှ ထိုကိစ္စနှင့် ပတ်သက်ပြီး မိတ်ကပ်လိမ်းရန် မကြံစည်ကြချေ။

သို့သော် ကြော်ငြာများကမူ ကွာခြားသည်။ ရိုက်ကွင်း ရှုတင်တွင် အဆင့်မြင့် ကင်မရာများနှင့် ​မျက်စိကျိန်းမတတ် တောက်ပသော အလင်းများက ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် မွှေးညှင်းပေါက်များ သေးငယ်သော အဖုများကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ဦးမည်ဖြစ်လေရာ ကြော်ငြာရိုက်ကူးသောလူက ကြည့်၍မကောင်းပါက ကြော်ငြာကလည်း ထုတ်လွှင့်ပြသသောအခါ နှစ်သက်စရာ ကောင်းနေလိမ့်မည် မဟုတ်ချေ။

ကံကောင်းစွာဖြင့် ထျန်းဟွမ်မှ ကစားသမားတိုင်းက လက်ခံနိုင်လောက်သော ဆွဲဆောင်မှု ရှိသည်ဆိုသော အဆင့်ထက် ကျော်လွန်သော ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် မိတ်ကပ် ခပ်ပါးပါးလိမ်းပြီး ဝတ်စားဆင်ယင်လိုက်ရုံနှင့်ပင် လုံလောက်သွားပြီဖြစ်သည်။

ချီရှို့က အတော်လေး သည်းမခံနိုင်အောင် ဖြစ်နေသည်။ သူကလည်း အခြားသူများနှင့် အလွန်အမင်း နီးကပ်စွာ နေရခြင်းကို သဘောမကျချေ။ ထို့ကြောင့် မိတ်ကပ်ပညာရှင်က brush ကို ကောက်ကိုင်လိုက်ပြီး သူ၏ မျက်နှာပေါ် လိမ်းခြယ်ရန် ​ကြိုးစားလာသောအခါ စိတ်ညစ်သွားသည်။ ချီရှို့က အကောင်းဆုံးကြိုးစားပြီး မကျေနပ်မှုကို ဖိနှိပ်ထားရသည်။ သူက မျက်လုံးကို မှိတ်ထားပြီး အတတ်နိုင်ဆုံး ပူးပေါင်းပေးနိုင်ရန် ကြိုးစားသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now