Part 37

1.4K 216 0
                                    

အပိုင်း (၃၇)

"Season 9ရဲ့ ရှုံးထွက်စင်မြင့်ကို ရောက်လာကြတဲ့ တစ်ယောက်ချင်းစီတိုင်းနဲ့ အားလုံးကို ကြိုဆိုပါတယ်။ ငါကတော့ ဒီနေ့ဂိမ်းအတွက် တိုက်ရိုက်ထုတ်လွှင့် အစီရင်ခံပေးမဲ့ မင်းတို့ရဲ့ အစီရင်ခံသူတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်ယွီပါ"

"ငါကတော့ မင်းတို့ရဲ့ အစီရင်ခံသူ ယောင်မူပေါ့"

တစ်ချိန်တည်းတွင် ထိုခန်းမ၏ ဖန်သားပြင်ကြီးတိုင်းနှင့် ထိုဂိမ်းကို တရားဝင် တိုက်ရိုက် ထုတ်လွှင့်ပေးနေသော နေရာတိုင်းတွင် အစီရင်ခံသူများ၏ အခန်းကိုသာ ပြထားသည်။ ယဲ့ရှောင်ယန်က အံ့အားသင့်မှု အချို့ဖြင့် ထိုဖန်သားပြင်ကြီးကို စိုက်ကြည့်လိုက်သည်။

မူကျဲကို အထူးဧည့်သည်ဆိုတာထက် ဒီတစ်ကြိမ် တရားဝင် အစီရင်ခံသူအဖြစ် ဖိတ်ခေါ်လိမ့်မယ်လို့ မထင်ထားဘူး။

တရားဝင်အစီရင်ခံသူ တစ်ယောက်၏ လိုအပ်ချက်က အထူးဧည့်သည် တစ်ယောက်၏ လိုအပ်ချက်ထက် ပိုမြင့်သည်။

ဂိမ်းပွဲ တစ်ခု၏ အခြေအနေမျိုးက ချက်ခြင်း ပြောင်းသွားတက်သည်။ အစီရင်ခံသူများက ကစားသမားတိုင်း၏ ပြောင်မြောက်ထူးချွန်သော လှုပ်ရှားမှုတိုင်းကို ချောမွေ့စွာဖြင့် ဖမ်းယူနိုင်ပြီး ကြည့်ရှုသူများအားလုံးကို အချိန်နှင့် တပြေးညီ အစီရင်ခံနိုင်ကြမည် ဖြစ်သည်။ သူတို့က အသင်း၏ စုပေါင်းဆောင်ရွက်မှုများနှင့် ရွေးယူလိုက်သည့် ဟီးရိုးများအကြောင်း ဘန်းလိုက်သည့် ဗျူဟာအကြောင်း ကစားသမား တစ်ယောက်ချင်းစီတိုင်း၏ ထူးခြားမှုများအကြောင်းကို အလွန်အမင်း နက်နက်ရှိုင်းရှိုင်း နားလည်ထားရန် လိုအပ်သည်။

ယောင်မူက တရားဝင် အစီရင်ခံသူ ဖြစ်ရန် ထိုက်တန်လျှင် သူမက ဂိမ်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားများအကြောင်း ကောင်းကောင်းနားလည်ထားပြီး အဆင့်မြင့်တစ်ခုသို့ ရောက်နေကြောင်း သေချာသွားသည်။ သူမက ဒီည formal ကျလွန်းသော ဝတ်စုံမျိုးကို ဝတ်မလာခဲ့ချေ။ ထိုအစား သူမက သပ်ရပ်ကာ ကြည့်ကောင်းသည့် အဖြူရောင် ဂါဝန်လေးကိုသာ ဝတ်ဆင်လာခဲ့သည်။ သူမ၏ ဆံပင်ကိုလည်း အနောက်သို့ မြောက်ကာ ခပ်မြင့်မြင့် စီးထားပြီး အလွန်အမင်း ပရိုဆန်သည့် လူငယ် အမျိုးသမီးတစ်ယောက်အဖြစ် ပေါ်လွင်နေသည်။ အမြဲတစေ သူမ၏ မျက်နှာတွင် နွေးထွေးကာ ရင်းနှီးလွယ်သည့် အပြုံးမျိုးက ရှိနေသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now