Part 32

1.5K 235 2
                                    

32 01

အခန်း (၃၂)

နောက်တစ်နေ့ နံနက်ခင်းတွင် ယဲ့ရှောင်းယန်က သူ၏ကိုယ်ပိုင် အချိန်ဇယားအတိုင်း စတင်လုပ်သည်။ သူက မနက်၇နာရီတွင် ထပြီး ဆေးကြောသန့်စင်ပြီးသည်နှင့် စာကြည့်ခန်းထဲသို့ ဝင်ကာ ကွန်ပျူတာကို ဖွင့်လိုက်သည်။

သူ၏ Streaming အခန်း၏ နာမည်က [ပိတ်ရက်နားတယ်၊ နောက်အပတ်မှ ပြန်တွေ့ကြမယ်၊ ဖြစ်နေသေးသည်] ထို့ကြောင့် သူက အားလပ်ရက် တစ်ခုလုံး ကျေနပ်သလို နားနိုင်သေးသည်။ သူ့အတွက် အခြားသော အသုံးများသည့် နတ်ဘုရားမ အလယ်လမ်းဟီးရိုး ၆ခုကို နားလည်အောင် ကြိုးစားရန် အခွင့်အရေး ဖြစ်သွားသည်။

သူ ပထမဆုံးအကြိမ် နေရှင်နယ်လီဒါဘုတ်သို့ ဝင်အောင် လုပ်မည့် ဟီးရိုးက အေးခဲနတ်ဘုရားမ ဖြစ်သည်။ သူက ထိုဟီးရိုးနှင့် အလွန်ရင်းနှီးပြီးသား ဖြစ်သည်။ skill တိုက်ပွဲဝင်စွမ်းအားကလည်း အလွန်အမင်း ရိုးရှင်းနေသေးသည်။ W သုံးပြီး ရန်သူကို အေးခဲမလှုပ်ရှားနိုင်အောင် လုပ်နိုင်သလို Q ကို သုံးပြီး ရန်သူ၏ ခုခံမှုကို နှိမ့်လိုက်နိုင်သည်။ ဤနည်းအားဖြင့် R အကြီးကို သုံးလိုက်လျှင် သူတို့ကို သေအောင် ult လုပ်လိုက်၍ ရသည်။

အဓိကသော့ချက် မေးခွန်းက သူ့က ရန်သူကို ပထမဆုံး Skill ကတည်းက အေးခဲအောင် လုပ်နိုင်ခြင်း ရှိမရှိ ဆိုသည့်အချက် ဖြစ်သွားသည်။

အေးခဲနတ်ဘုရားမ၏ W Skill ထူထဲသောရေခဲက ဆင့်ခေါ်ရန် ၀.၅ စက္ကန့်ကြာသည်။ များပြားသော Skill မြင့်ကစားသမား အများစုက ထိုSkill ကို ထုတ်သုံးကြောင်း မြင်သည်နှင့် ချက်ချင်းရှောင်ရှား နိုင်ပေလိမ့်မည်။ ထို့ကြောင့် ထိုဟီးရိုးကို သုံးကာ ကစားသည့်အခါ အသုံးအဝင်ဆုံး Skill က ခန့်မှန်းနိုင်သည့် အင်အား ဖြစ်သွားသည်။ မည်သည့်အချိန်တွင် ရန်သူက မည်သည့်နေရာတွင် ပေါ်လာနိုင်ကြောင်း ခန့်မှန်းနိုင်ရန် လိုအပ်သည်။ သည်နည်းအားဖြင့် ထိုနေရာတွင် ကွတ်တိ ထိုအေးခဲSkillကို ထုတ်သုံးရန် ကြိုတင်ဆင့်ခေါ်ထားရမည် ဖြစ်သည်။ ထိုနည်းမှသာ ရန်သူကို အောင်အောင်မြင်မြင် အေးခဲလိုက်နိုင်ပေလိမ့်မည်။ ထိုSkillကို ရန်သူ ရပ်နေပြီးနေရာတွင် ထုတ်သုံးလိုက်မည် ဆိုလျှင် မည်သည့်ရန်သူက မဆို ထွက်ပြေးကြပေလိမ့်မည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now