Part 41

1.3K 223 4
                                    

အပိုင်း (၄၁)

နောက်တစ်ရက်က တနင်္လါနေ့ ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်သည့် နေ့တစ်ရက်ဖြစ်သွားသည်။

နည်းပြလင်းက ရှောင်ပိုင်ကို လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့သော အကြောင်းကို ထျန်းဟွမ်ကလပ်မှ အထွေထွေမန်နေဂျာ ချန်းကျုံးကို သွား၍တင်ပြသည်။

လင်းဖုန်းနှင့် ချီရှို့တို့က အထွေထွေမန်နေဂျာ၏ ရုံးခန်းသို့ အတူတူရောက်သွားသောအခါ ရှောင်ပိုင်၏ အခြေအနေနှင့် ပတ်သက်သည့် အခြေအနေတိုင်းကို အသေးစိတ် တင်ပြပေးလိုက်သည်။

"ရှောင်ပိုင်က အသက်၂၁ဖြစ်နေပြီ ဆိုပေမဲ့လည်း သူက သူ့ရဲ့ စကေးပြိုင်ပွဲမှာ S၅လုံးတောင် ရထားတယ်၊ ဒီအခြေအနေကတင် သူက ကျွမ်းကျင်ပညာရှင် eSport ကစားသမားတစ်ယောက် ဖြစ်ဖို့ အထွတ်ထိပ် အ​ခြေအနေမှာ ရှိတယ်ဆိုတာ သက်သေပြလိုက်တာပဲ၊ နောက်ပြီးသူက အသက်၁၇နှစ် ၁၈နှစ်အရွယ် ကလေးတွေထက် နိမ့်ကျတဲ့နေရာမျိုး မရှိနေဘူး၊ ပိုဆိုးတာက သူ့ရဲ့ ဂိမ်းအပေါ် 'အာရုံခံနိုင်စွမ်းအင်က အရမ်းကို ထူးချွန်နေတာပဲ၊ သူက mid lanerတိုင်းကို ကစားနိုင်တယ်၊ လဝက်တည်းနဲ့ သူက national#1 title လေးခုတောင်ရအောင် ယူခဲ့တာ၊ ချီရှို့ကတောင် သူနဲ့ ကိုယ်တိုင်ကိုယ်ကျ matchနဲ့ အဆင့်တက်ခဲ့ဖူးတယ်၊ သူတို့နှစ်ယောက်က ပြောင်မြောက်လွန်းတဲ့ အချင်းချင်း သိနားလည်စိတ်ရှိတယ်"

မန်နေဂျာချန်းက ပြုံးလျက် တောက်ပစွာ ပြောသည်။

"ဒီလို ပါရမီမျိုးက ငါတို့ထျန်းဟွမ်က သေချာပေါက် ချန်ထားရစ်ခဲ့လို့မရတဲ့ ပါရမီမျိုးပဲ၊ သူကအသစ်ဆိုရင် ဘယ်လောက်တောင်းလဲ၊ သူက မင်းတို့ ပြောသလောက် အင်အားကြီးတယ်ဆိုရင် ယွမ်တစ်သန်းလောက်ဆို အဆင်ပြေတယ် မဟုတ်လား"

နည်းပြလင်းက သုံးသန်းဟု ပြောတော့မည့်အချိန်တွင် ချီရှို့က တည်ငြိမ်စွာ ဝင်ပြောသည်။

"နောက်က သုညတစ်လုံးထည့်လိုက်"

မန်နေဂျာချန်းက ကြောင်သွားသည်။ နည်းပြလင်း ကိုယ်တိုင်ကလည်း အံ့အားသင့်သွားသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now