Part 5

1.9K 294 11
                                    

အပိုင်း (၅)

ချင်ရွေ့က လက်တော့သယ်ပြီးနောက် ယဲ့ရှောင်းယန်၏ နောက်မှ လိုက်ကာ စာဖတ်ခန်းထဲသို့ လာသည်။ သူက ထိုင်ခုံကို ဆွဲထိုင်ပြီးနောက် လက်တော့ကို တင်လိုက်သည်။ ဘေးနားတွင်မူ သူ၏ဝမ်းကွဲက ဂိမ်းကုလားထိုင်ဖြင့် ထိုင်နေလေသည်။ ထို့နောက် သူက ယဲ့ရှောင်းယန်ကို ဂိမ်းထဲမှတစ်ဆင့် ဖိတ်ခေါ်လိုက်သည်။

ရှစ်နာရီခွဲက ဂိမ်းကစားသော အထွတ်အထိပ် အချိန်ပင် ဖြစ်သည်။ ၅စက္ကန့်ပင် မကြာဘဲ ပြိုင်ပွဲတစ်ပွဲအတွက် လူပြည့်သွားလေပြီ။ စိန်အဆင့်အောက်မှ ပွဲများတွင် BLPများ မရှိသည့်အတွက် ဘန်းထားသော အရာမျိုး မရှိသလို ဘာမဆို ရွေး၍ ရသည်။ ထို့ကြောင့် Match က စတင်သည်နှင့် သူတို့၏ အဖွဲ့သားများကိုသာ မြင်ရတော့သည်။

သူတို့၏အသင်းထဲတွင် ကစားသမားငါးယောက် ရှိပြီး ယဲ့ရှောင်းယန်၏ [ရှောင်ပိုင်]က ကြေးနီအဆင့်သာ ရှိသေးသည်။ ချင်ရွေ့၏ [ရှောင်ရွေ့]ကမူ ရွှေအဆင့် ဖြစ်သည်။ တခြားသုံးယောက်ကမူ [ဒဏ္ဍာရီလာကော] [မင်းရဲ့အပြုံးလေး] နှင့် [ငါ့နှလုံးခုန်သံ] တို့ အားလုံးက ငွေရောင်အဆင့် ဖြစ်သည်။ နောက်ပိုင်း နှစ်ယောက်ကမူ အိုင်ဒီများ ကြည့်ရုံဖြင့် စုံတွဲမှန်း သိနိုင်သည်။

အဆင့်တက်သော စနစ်အရ ပြိုင်ပွဲက ငွေရောင်အဆင့်ပွဲဟု သတ်မှတ်၍ ရသည်။ ယဲ့ရှောင်းယန်၏ အကောင့်တွင် ဟီးရိုးငါးကောင်သာ ပွင့်သေးသည့်အတွက် သူက အလယ်လမ်းမှော်ဆရာ အမျိုးအစား ဖြစ်သည့် အေးခဲနတ်ဘုရားမ ရွှယ်လီကို ရွေးလိုက်သည်။ ရွှေအိုရောင် လှိုင်းတွန့်များလို ရှည်လျားသည့် ဆံပင်ကို ပိုင်ဆိုင်ထားသည့် ထိုလှပသော အမျိုးသမီးက နှင်းဖြူရောင် မှော်ဆရာမ ဝတ်စုံကို ဝတ်ဆင်ထားသည်။

ချင်ရွေ့က ကောကောက မှော်ဆရာမကို ရွေးချယ်တာ မြင်သောအခါ သူကလည်း အထောက်အပံ့ ဖြစ်သည့် "တောအုပ်သံသမန်" ဖြစ်သည့် ယာ့အန်းကို ရွေးလိုက်သည်။ ထိုကာရိုက်တာက အနောက်တွင် ဆံပင်ကို အကြီးကြီး ထုံးကာ စုစည်းချထားသော ချစ်စရာကောင်းသည့် ချွန်ထက်သော နားရွက်တစ်စုံဖြင့် ကောင်မလေး ဖြစ်သည်။ သူမ၏ စကေးများအားလုံးက ကုသခြင်း ဖြစ်လေသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now