[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။

Start from the beginning
                                    

"ကိုယ်တော်မင်းကိုပြောပြလို့ရပါတယ်။"
လင်ခုံးလုနှေးကွေးသောအသံနှင့်ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ဘာလို့လဲ။"

ထိုစဥ်သူရုတ်ခြည်းထရပ်ကာဟော့ရှီစစ်ဆီလျှောက်သွားပြီးတစ်ဖက်လူ၏မေးစေ့ကိုသူ၏ရှည်သွယ်သွယ်ကျောက်စိမ်းလိုမျိုးလက်ချောင်းများနှင့်ဖျစ်ညှစ်လိုက်သည်။ အားထည့်ပြီးတော့သူ့လက်ချောင်းထိပ်များကတစ်ဖက်လူ၏လှပသောမေးရိုးလိုင်းကိုမီးညှိနေသည့်အလားအသာပွတ်သပ်လိုက်သည်။ သူအနားကိုကိုင်းကာတီးတိုးပြောလိုက်သည်။
"ကိုယ်တော်မင်းကိုသဘောကျရင်ပေါ့?"

ဟော့ရှီစစ်ကခေါင်းလှည့်ကာသူ့ကိုအပြာရင့်ရောင်မျက်ဝန်းများနှင့်ကြည့်လာသည်။ ပြင်းထန်သောမုန်တိုင်းတစ်ခုရှိနေပြီး သူ့လည်ဇလုပ်မှာအလိုလိုလှိမ့်သွားငါ အသက်ရှုတန့်သွားသယောင်။

လင်ခုံးလု၏မျက်ဝန်းများမှာအပြုံးနှင့်ပြည့်နေပေမဲ့သူရုတ်တရက်လွှတ်ပေးကာနှမြောတသဆိုလိုက်သည်။
"ဒါပေမဲ့ကိုယ်တော်အခုမင်းကိုလုံလောက်အောင်မကြိုက်တာသနားစရာပဲ။ မာရှယ်မင်းပိုကြိုးစားလို့ရတယ်နော်။ တစ်နေ့ကျကိုယ်တော်မင်းကိုပြောရင်ပြောပြမှာပေါ့။"

တူညီသောစကားလုံးများ၊ သူပြောလာတာပထမဆုံးအကြိမ်မဟုတ်တဲ့အပြင် ဟော့ရှီစစ်ပထမဆုံးအကြိမ်ကြားတာမဟုတ်ဘူး။

အတိတ်မှာဆိုဟော့ရှီစစ်မျက်မှောင်ကြုတ်ပြီးလင်ခုံးလုကိုဘယ်လိုဖယ်ထုတ်ရမလဲတွေးနေမိမှာဆိုပေမဲ့အခုကျတော့....

တစ်ဖက်လူကသူ့ကိုလုံလောက်အောင်မကြိုက်ဘူးလို့ပြောလာတယ်ပေါ့? လုံလောက်အောင်မကြိုက်ဘူးဆိုတာကဘာကိုပြောချင်တာလဲ။ မင်းကိုယ့်ကိုစိတ်ဝင်စားတဲ့အချိန်မှာ အခြားလူတွေကိုပါစိတ်ဝင်စားလို့ရတာလား။

အဲ့လိုစကားတွေကိုသူ့ကိုလုံလောက်အောင်မကြိုက်တဲ့အချိန်မှာပြောတယ်ပေါ့?

ပြီးတော့သူပြောတဲ့စကားလုံးတွေ၊ သူ့ကိုပေးလာတဲ့အရိပ်အမြွက်တွေကလည်းအခြားသူတွေကိုပေးနေတာလား။ ခုနကအဲ့ချန်အာလိုမျိုးလေ?

ဇာ့ဂျ်ဘုရင်ကသူ့ကိုစိတ်ဝင်စားပြီးသူ့ကိုကြိုက်ပင်ကြိုက်နေလောက်ပေမဲ့ ဒါကသူအခြားသူများကိုမကြိုက်အောင်မလုပ်ပေးနိုင်မှန်းဟော့ရှီစစ်ရုတ်ခြည်းသဘောပေါက်သွားသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now